ဘရာဆီးလီးယား အောက်တိုဘာ ၃၁
ဘရာဇီးသမ္မတဟောင်း အလုပ်သမားပါတီမှ လူးဝစ်အီနာစီယိုလူလာဒါဆီးလ်ဗားသည် အောက်တိုဘာ ၃၀ ရက်က ဒုတိယအကျော့ သမ္မတရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည်။ ထို့ကြောင့်၎င်းသည် တတိယအကြိမ် လေးနှစ်တာ သမ္မတသက်တမ်းကို ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ စတင်ကာ တာဝန်ထမ်းဆောင်တော့မည်ဖြစ်သည်။
ထိပ်တန်းရွေးကောက်ပွဲရုံးက ထုတ်ပြန်လိုက်သော စာရင်းဇယားများက လူလာဒါ ဆီးလ်ဗားသည် မဲအရေအတွက် သန်း ၆၀ ကျော် (၅၀ ဒသမ ၈၉ ရာခိုင်နှုန်း) ရရှိခဲ့ပြီး မဲအရေအတွက် ၅၈ သန်းကျော် (၄၉ ဒသမ ၁၁ ရာခိုင်နှုန်း) ရရှိခဲ့သော လက်ရှိသမ္မတ လစ်ဘရယ်ပါတီမှ ဂျေးဘော်လ်ဆွန်နာရို ကို ကျော်ဖြတ်ခဲ့ကြောင်း ဖော်ပြထားသည်။ ဘရာဇီးသမိုင်း၏ ဒုတိယအကျော့ သမ္မတရွေးကောက်ပွဲတွင် အနည်းဆုံးသော မဲအရေအတွက် ကွာဟချက်ဖြင့် အနိုင်ရရှိ သွားခြင်းဖြစ်သည်။
ပထမအကျော့ သမ္မတရွေးကောက်ပွဲကို အောက်တိုဘာ ၂ ရက်က ကျင်းပခဲ့သည်။ ပထမအကျော့တွင် မဲအရေအတွက် ၄၈ ဒသမ ၃ ရာခိုင်နှုန်းရရှိခဲ့သော လူလာဒါ ဆီးလ်ဗား သည် မဲအရေအတွက် ၄၃ ဒသမ ၂ ရာခိုင်နှုန်း ရရှိခဲ့သော လက်ရှိသမ္မတ ဘော်လ်ဆွန်နာရိုကို ကျော်ဖြတ်ခဲ့သည်။လူလာဒါဆီးလ်ဗားသည် အသက် ၇၇ နှစ်ရှိပြီဖြစ်ကာ ၂၀၀၃ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အထိ နှစ်ကြိမ်ဆက်တိုက် သမ္မတဖြစ်ခဲ့သည်။
ယခုလို ဒုတိယအကျော့ သမ္မတရွေးကောက်ပွဲတွင် သမ္မတအဖြစ် ပြန်လည်ရွေးကောက် တင်မြှောက်ခံရသည့်အတွက် တရုတ်သမ္မတ ရှီကျင့်ဖျင်က အောက်တိုဘာ ၃၁ ရက်က ဝမ်းမြောက်ဂုဏ်ယူကြောင်း သဝဏ်လွှာတစ်စောင် ပေးပို့ခဲ့သည်။
ဆင်ဟွာ