နေပြည်တော်၊ နိုဝင်ဘာ ၃

 

ဥပဒေရေးရာဝန်ကြီးဌာနသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်ချက် နှင့်အညီ ဥပဒေအသိပညာပြန့်ပွားရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ဥပဒေဘာသာပြန် ကော်မရှင်က မြန်မာဘာသာသို့ပြန်ဆိုပြီးသည့်ဥပဒေများကို စာအုပ်ထုတ်ဝေခဲ့ရာ ဘာသာပြန် စာအုပ်အမှတ် (၁၁) သို့ ရောက်ရှိပြီးဖြစ်ပါသည်။ ဘာသာပြန်စာအုပ်အမှတ် (၁၁) သည် အုပ်ထိန်းသူ နှင့် အုပ်ထိန်းခြင်းခံရသူများအက်ဥပဒေ (The Guardians and Wards Act) မြန်မာဘာသာပြန်ဆို ချက် စာအုပ်ဖြစ်သည်။

 

အဆိုပါစာအုပ်တွင် မူလစာမူဖြစ်သည့် The Guardians and Wards Act နှင့် ဥပဒေဘာသာပြန် ကော်မရှင်၏ မြန်မာဘာသာပြန်ဆိုချက်ဖြစ်သည့် အုပ်ထိန်းသူနှင့် အုပ်ထိန်းခြင်း ခံရသူများအက် ဥပဒေတို့ကို အင်္ဂလိပ်/ မြန်မာ နှစ်ဘာသာဖြင့် လေ့လာဖတ်ရှုနိုင်စေရန်ဖော်ပြထားပြီး ဥပဒေ ဘာသာပြန်ကော်မရှင် ဥပဒေပုဒ်မ ၁၂ (က) အရ ဥပဒေဘာသာပြန်ကော်မရှင်၏ မြန်မာဘာသာ ပြန်ဆိုထားသည့် ဥပဒေသည် မူလစာမူနှင့်အလားတူ အာဏာတည်သည့်အတွက် တရားဝင်ကိုးကား နိုင်သည့် စာအုပ်ကောင်းတစ်အုပ်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)