ဝါရှင်တန် ၁၁ ဖေဖော်ဝါရီ
မက်ဆာချူးဆက်ပြည်နယ်မှ ဆီးနိတ်လွှတ်တော်အမတ် အယ်လီဇဘက်ဝါရန်သည် လာမည့် ၂၀၂၀သမ္မတရွေးကောက်ပွဲတွင် ကိုယ်စားလှယ်အဖြစ် ပါဝင်ယှဉ်ပြိုင် မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
အသက် ၆၉ နှစ်ရှိပြီဖြစ်သည့် ဝါရန်သည် အိမ်ဖြူတော်ကို ပြန်လည်ရယူနိုင်ရေး မျှော်ကိုးလျက် ဒီမိုကရက်တစ်ကိုယ်စားလှယ်များဖြင့် ပြည့်နှက်နေသည့် နယ်ပယ်အတွင်း ပါဝင်လာခဲ့သည်။
ဝါရန်သည် ၄င်း၏ စိတ်ကူးအိပ်မက်များ အမှန်တကယ် ဖြစ်လာနိုင်မည့် အမေရိကကိုထူထောင်ရန် ယှဉ်ပြိုင် ခြင်းဖြစ်ကြောင်းနှင့် လူတိုင်းအတွက် အလုပ်လုပ်နေခြင်းဖြစ်ကြောင်း စနေနေ့တွင် မက်ဆာချူးဆက် ပြည်နယ် လောရင့်စ်၌ ၄င်းကိုထောက်ခံသူများအား ပြောကြားခဲ့သည်။ ဖွဲ့စည်းပုံဆိုင်ရာ ကြီးမားသည့်အပြောင်းအလဲတစ်ခုဖြစ်စေရေး ၄င်းက တိုက်တွန်းပြောကြားခဲ့သည်။ ဝါရန်သည် ၂၀၁၃ ခုနှစ်တွင် ဆီးနိတ်လွှတ်တော် အမတ်အဖြစ် ရွေးချယ်ခံခဲ့ရသည်။ ၄င်းသည် ကြွယ်ဝချမ်းသာသူများထံမှ အခွန်များများ ကောက်ခံရန်တောင်းဆိုခဲ့သည့် ဒီမိုကရက်တစ်ပါတီမှ တိုးတက်ရေးဝါဒီ ခေါင်းဆောင်တစ်ဦးဖြစ်သည်။
၂၀၁၆ခုနှစ်သမ္မတရွေးကောက်ပွဲတွင် ဝါရန်သည် ဟီလာရီကလင်တန်အတွက် အလားအလာကောင်းသည့် တွဲဖက်တစ်ဦးဖြစ်ခဲ့သည်။
အင်န်အိတ်ချ်ကေ