၁၁ ဖေဖော်ဝါရီ
ဂျပန်နိုင်ငံ တိုကျိုအပါအဝင် ကန်တိုဒေသ၏ တောင်ပိုင်းတွင် ဆီးနှင်းဖုံးလွှမ်းအေးခဲနေကြောင်း သိရသည်။
မိုးလေဝသဌာနက တနင်္လာနေ့မနက်အစောပိုင်းကတည်းက အေးခဲနေပြီး ဆီးနှင်း ရံဖန်ရံခါကျဆင်းခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။
မနက် ၉နာရီတွင် အဆိုပါ ဆီးနှင်းဖုံးလွှမ်းခြင်းသည် ချီဘားမြို့မြေပြင်ပေါ်တွင် ငါးစင်တီမီတာအထူရှိကြောင်းနှင့် အိုင်ဘာရာကီ စီရင်စုရှိ တီဆုကုဘားတွင် နှစ်စင်တီမီတာရှိကြောင်း ဖော်ပြထားသည်။
ယင်းဆီးနှင်းထူထပ်မှုသည် တိုကျိုမြို့လယ်ပိုင်းတွင် ထိုနေ့တနေ့လုံး တစ်စင်တီမီတာ ရှိနိုင်ပြီး ကန်တိုလွင်ပြင်တွင် ခုနစ်စင်တီမီတာ၊ တောင်တန်းဒေသများတွင် ငါးစင်တီမီတာ ရှိနိုင်မည် ဖြစ်သည်။
မိုးလေဝသဌာနက လမ်းများချော်ချွတ်ပြီး ယာဉ်ကြောပိတ်ဆို့မှုများအတွက် အသင့်ပြင်ဆင်နိုင်ရန် ပြည်သူများကို တိုက်တွန်းပြောကြားထားပြီး သစ်ပင်အကိုင်းအခက်များနှင့် လျှပ်စစ်မီးကြိုးများပေါ် ဆီးနှင်းဖုံးလွှမ်းမှုကို သတိထားကြရန် ပြည်သူများကို သတိပေးတားမြစ်ထားသည်။
ကိုးကား အန်အိတ်ချ်ကေ
ဘာသာပြန် မြင့်မြင့်ချို