၁၁ ဖေဖော်ဝါရီ
ယမန်နေ့က အဆုံးသတ်ခဲ့သည့် ကိုးရက်ကြာကျင်းပသော ဗီယက်နမ် နှစ်သစ်ကူးပွဲတော်အတွင်း ယာဉ်မတော်တဆမှု ၂၇၆ ခုဖြစ်ပွားခဲ့သဖြင့် ၁၈၃ ဦး သေဆုံးပြီး ၂၄၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ယာဉ်ထိန်းရဲဌာနက ယနေ့သတင်းထုတ်ပြန်ချက်အရ သိရသည်။
တန်ဟိုအာ ပြည်နယ်တွင် ပြီးခဲ့သည့် သောကြာနေ့မှာ ရထားတစ်စီးက မော်တော်ကားတစ်စီးကို တိုက်မိခဲ့ပြီး ကားပေါ်ပါသူ ၃ ဦးသေဆုံး၊ ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားသည်။
၂၀၁၉ ခုနှစ်အတွင်း ယာဉ်စည်းကမ်းဥပဒေချိုးဖောက်မှုပေါင်း ၂၁၈၈၀ မှု ရှိကြောင်း၊ ၂၀၁၈ ခုနှစ်က မျက်မြင်တွေ့ရှိချက်အရ ယာဉ်မတော်တဆမှု ၁၈၂၃၂ မှုရှိကာ ၈၁၂၅ ဦး သေဆုံးပြီး ၅၁၂၄ ဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်းနှင့် ၉၀၇၀ ဦးမှာ ဒဏ်ရာအနည်းငယ်သာ ရရှိခဲ့ကြောင်း ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန လက်အောက်ရှိဌာန ထုတ်ပြန်ချက်အရ သိရသည်။
ကိုးကား ဆင်ဟွာ
ဘာသာပြန် မြင့်မြင့်ချို