The Guardian သတင်းစာ၌ “The Guardian view on Myanmar’s military: in power but not in control” ခေါင်းစဉ်ဖြင့် အယ်ဒီတာ့အာဘော်နှင့် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး James Cleverly ရေးသားသော “Britain is not a passive observer on the world stage. We want oligarchs and dictators to fear us” ဆောင်းပါး တို့ကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၆ ရက်နှင့် ၉ ရက်တို့တွင် အသီးသီး ဖော်ပြခဲ့ပါသည်။ အဆိုပါဆောင်းပါးများတွင် မြန်မာနိုင်ငံနှင့်ပတ်သက် ၍ မဟုတ်မမှန်ရေးသားချက်များကို စိတ်ပျက်ဖွယ် တွေ့ရှိရပါသည်။
The Guardian ၏ ဆောင်းပါးများကို တုံ့ပြန်ရန် မြန်မာသံရုံး လန်ဒန် မြို့မှ “Understanding myths and realities of Myanmar” ခေါင်းစဉ်ဖြင့် စာလုံးရေ ၈၀၀ ခန့်ပါ The Guardian အယ်ဒီတာထံ ပေးစာကို The Guardian ၏ Readers’ Editor ထံသို့ ရေးသားပေးပို့ခဲ့ပါ သည်။ သို့ရာတွင် The Guardian ဆောင်းပါးပါ ရေးသားချက်များအပေါ် ပြင်ဆင်ချက်နှင့် အယ်ဒီတာ၏ စည်းကမ်းများအရ တုံ့ပြန်ချက်မလို အပ်ဟု ယူဆကြောင်းနှင့် မြန်မာသံရုံး၏ ဆောင်းပါးသည် The Guardian ၏ စာလုံးရေ ၃၀၀ ကန့်သတ်ချက်ကို ကျော်လွန်ပြီး စာရေးသူအမည် ဖော်ပြထားမှုမရှိသဖြင့် ရွေးချယ်ခြင်းမပြုခဲ့ကြောင်း မြန်မာသံရုံးသို့ The Guardian မှ အကြောင်းပြန်ကြားခဲ့ပါသည်။ သို့သော်လည်း The Guardian တွင် နေ့စဉ်ဖော်ပြနေသည့် အယ်ဒီတာ့ ထံပေးစာများမှာ အဆိုပါစာလုံးရေ ၃၀၀ ကန့်သတ်ချက်ကို အမြဲ ကျော်လွန်လျက်ရှိကြောင်း မြန်မာသံရုံးမှ တွေ့ရှိရပါသည်။ အထက် ဖော်ပြပါ အခြေအနေများကြောင့် လန်ဒန်မြို့ရှိ မြန်မာသံရုံးအနေဖြင့် The Guardian သတင်းစာတွင် မြန်မာနိုင်ငံနှင့်ပတ်သက်၍ ဖော်ပြခဲ့ သည့် ဆောင်းပါးနှစ်ပုဒ်အပေါ် အောက်ဖော်ပြပါအတိုင်း တုံ့ပြန်အပ်ပါ သည် -
မကြာသေးမီက The Guardian သတင်းစာတွင် ဖော်ပြခဲ့သည့် အယ်ဒီတာ့အာဘော်နှင့် ဗြိတိသျှနိုင်ငံခြားရေးဝန်ကြီး၏ ဆောင်းပါး များသည် နိုင်ငံတော်အစိုးရအား ပြည်သူများအပေါ် ထင်သလို ရမ်းကား နေသည့်ပုံစံ ဖော်ညွှန်းရေးသားခဲ့ကြပါသည်။ အနောက်တိုင်းမီဒီယာ များကြောင့် မြန်မာနိုင်ငံအပေါ် အထင်မှားအမြင်မှား ဖြစ်စေခဲ့သည့် အပြင် အနောက်နိုင်ငံများအနေဖြင့် ၎င်းတို့နိုင်ငံခြားရေးမူဝါဒကို အကောင်အထည်ဖော်ရာတွင် မြန်မာနိုင်ငံသည် လွယ်ကူသော ပစ်မှတ် တစ်ခုဖြစ်ခဲ့ပါသည်။ ထို့ကြောင့် မြန်မာသံရုံးအနေဖြင့် အောက်ပါ အတိုင်း ဖြေရှင်းအပ်ပါသည်။
ရှေးဦးစွာ တပ်မတော်က အာဏာသိမ်းသည်ဟု စွပ်စွဲနေခြင်းမှာ မှားယွင်းနေပြီး အမှန်စင်စစ်မှာ အာဏာသိမ်းခြင်းမဟုတ်ဘဲ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံတော်၏တာဝန်ကို ထမ်းဆောင်နေခြင်းသာ ဖြစ်ပါသည်။ ရွေးကောက်ပွဲလုပ်ငန်းစဉ်တွင် မမှန်ကန်မှုများရှိခဲ့ပြီး နိုင်ငံရေးပါတီများနှင့် တပ်မတော်က အလေး ထား တောင်းဆိုခဲ့သော်လည်း ယခင်အစိုးရလက်ထက်တွင် ဖြေရှင်း ပေးရန် ပျက်ကွက်ခဲ့ပါသည်။ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင် ၃၈ ဒသမ ၂၇ သန်းအနက် ၁၁ ဒသမ ၃၀ သန်း (၂၉ ဒသမ ၅၄ ရာခိုင်နှုန်း) မှာ မဲစာရင်းလွဲမှားမှုများရှိနေကြောင်း နောက်ပိုင်းတွင် စိစစ်တွေ့ရှိခဲ့ရပါသည်။ စေ့စပ်ညှိနှိုင်း ရေးအတွက် တပ်မတော်အနေဖြင့် ဥပဒေဘောင်အတွင်းမှ လုပ်ဆောင် ခဲ့သော်လည်း လျစ်လျူရှုခြင်းကို ခံခဲ့ရပါသည်။
ထို့ကြောင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံတော် တစ်ဝန်း အရေးပေါ်အခြေအနေ ကြေညာချက်ထုတ်ပြန်ခြင်းမှတစ်ပါး အခြားရွေးချယ်စရာ မရှိခဲ့ပါ။ တပ်မတော်သည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်သူအဖြစ် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းခဲ့ကာ ဒီမိုကရေစီစံနှုန်းများနှင့်အညီ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ကျင်းပပြီးနောက် အနိုင် ရရှိသည့်ပါတီသို့ အခွင့်အာဏာ ပြန်လည်အပ်နှင်းရန် တာဝန်ယူဆောင် ရွက်လျက်ရှိပါသည်။ ထို့ကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် မြန်မာနိုင်ငံ၏ တစ်ခုတည်းသော တရားဝင်အစိုးရဖြစ်သည်မှာ သံသယဖြစ်ဖွယ် မရှိပါ။
မတရားအသင်းများ ဖြစ်ကြသည့် CRPH ၊ NUG နှင့် PDF အဖွဲ့ များအနေဖြင့် တရားဝင်ဖြစ်စေရန် ကြိုးပမ်းမှုများရှိသော်လည်း ၎င်းတို့သည် ပြည်ပရောက် နိုင်ငံရေးသမားများနှင့် အစွန်းရောက်များ ဖြင့် ဖွဲ့စည်းထားသည့် အကြမ်းဖက်အဖွဲ့အစည်းများသာ ဖြစ်သည်။ ငြိမ်းချမ်းမှုနှင့် တည်ငြိမ်ရေးကို အနှောင့်အယှက်ပြုရန်နှင့် အပြစ်မဲ့ အရပ်သားများကို ကြောက်ရွံ့မှု တိုးမြင့်လာစေရန် ၎င်းတို့သည် အကြမ်းဖက်တိုက်ခိုက်မှုများ ပြုလုပ်လာခဲ့သည်။ အပြစ်မဲ့အရပ်သား များအား တိုက်ခိုက်ရန် လက်နက်ခဲယမ်းမီးကျောက်များနှင့် ပေါက်ကွဲ စေတတ်သော ဆက်စပ်ပစ္စည်းများကို ယင်းအဖွဲ့များထံမှ သိမ်းဆည်း ရမိခြင်းတို့ကို ထောက်ရှု၍ ၎င်းတို့သည် အစိုးရဝန်ထမ်းများ၊ ဆရာ ဆရာမများ၊ ကျန်းမာရေးဝန်ထမ်းများ၊ အမြင်မတူသော နိုင်ငံရေး ပါတီဝင်များကို ရက်စက်စွာ လုပ်ကြံသတ်ဖြတ်နေကြောင်း သက်သေ ပြလျက်ရှိပါသည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်အထိ အဆိုပါ မတရားအသင်းအဖွဲ့အစည်းများ၏ လုပ်ရပ် ကြောင့် အပြစ်မဲ့ပြည်သူ ၄၅၄၃ ဦး သေဆုံးခဲ့ပါသည်။ နိုင်ငံတော် အစိုးရအနေဖြင့် တရားဥပဒေစိုးမိုးရေးအတွက် ကြိုးပမ်းနေချိန်တွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ချိုးဖောက်သူများကို ဥပဒေအရ အရေးယူခဲ့ပြီး ကျူးလွန်သူအချို့မှာ အကြမ်းဖက်ရာဇဝတ်မှုများနှင့် အကြမ်းဖက်လုပ်ရပ်များကြောင့် သေဒဏ်ချမှတ်ခြင်းခံခဲ့ရပါသည်။ တစ်ချိန်တည်းမှာပင် နိုင်ငံတော်အစိုးရသည် လူသားချင်း စာနာထောက်ထားမှုအနေဖြင့် နိုင်ငံခြားသားများအပါအဝင် အကျဉ်းသားများကို လွတ်ငြိမ်းခွင့်ပေးခဲ့ပါသည်။ သို့သော်လည်း တစ်ဖက်တွင်မူ နိုင်ငံတော်အစိုးရသည် အကြမ်းဖက်သွေးထိုးလှုံ့ဆော် နေပြီး မိမိပြည်သူကို မိမိနှိမ်နင်းသကဲ့သို့ သရုပ်ဖော်ခံနေရပါ သည်။
The Guardian အယ်ဒီတာ့အာဘော်သည် မြန်မာနိုင်ငံ၏ လက်ရှိ အခြေအနေနှင့် လုံးဝကွဲလွဲနေပါသည်။ အမှန်တကယ်တွင် မြန်မာနိုင်ငံ ၌ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူများ ၏ လူမှုစီးပွားဘဝများကို အာမခံချက်ပေးနိုင်ရေးအတွက် နိုင်ငံတော် အစိုးရမှ အပြည့်အဝတာဝန်ယူဆောင်ရွက်လျက်ရှိနေပါသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ရွေးကောက်ပွဲမသမာမှုများကို ဖြေရှင်းရေး၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး၊ စီးပွားရေး ပြန်လည်ဦးမော့လာစေရေး၊ ငြိမ်းချမ်းရေးနှင့် အထွေထွေရွေးကောက်ပွဲ ကျင်းပရေးတို့အတွက် လမ်းပြမြေပုံ (၅) ရပ်ကို ချမှတ်ထားသည်။ မြန်မာနိုင်ငံ၏ ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းအတွက် တစ်ခုတည်းသော လမ်းပြမြေပုံသာ ဖြစ်ပေသည်။ ၂၀၂၁ ခုနှစ်နှင့် ၂၀၂၂ ခုနှစ် နှစ်နှစ်စလုံး မြန်မာနိုင်ငံသို့ လာရောက်ခဲ့သူများအနေဖြင့် အကြမ်းဖက်လုပ်ရပ်များနှင့် ကိုဗစ်-၁၉ ကြောင့် ခံစားခဲ့ရသည့် စီးပွား ရေးအကျပ်အတည်းများ အခြေအနေမှ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး အတွက် နိုင်ငံတော်အစိုးရအနေဖြင့် မည်မျှဆောင်ရွက်ပေးနိုင်ခဲ့သည် ကို သတိပြုမိကြပေလိမ့်မည်။
ဗြိတိသျှနိုင်ငံခြားရေးဝန်ကြီးက ဗြိတိန်၏ ပိတ်ဆို့အရေးယူမှုများ ထိရောက်မှုနှင့် ပိတ်ဆို့အရေးယူမှုများကို ဗြိတိန်၏ ကိုယ်ပိုင်ဆုံးဖြတ် ချက်ဖြင့် ထိရောက်စွာ မည်သို့မည်ပုံချမှတ်နိုင်ကြောင်း စောဒက တက်ခဲ့ပါသေးသည်။ သို့သော် ပိတ်ဆို့အရေးယူမှုများသည် အလုပ် မဖြစ်သည့်အပြင် သာမန်အခြေခံလူတန်းစားကို ထိခိုက်နေစေမည်သာ ဖြစ်သည်ဆိုသည့်အချက်ကို ထည့်သွင်းစဉ်းစားခဲ့မိပုံ မရပေ။ ပိတ်ဆို့ အရေးယူမှုများသည် မြန်မာနိုင်ငံ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို နှောင့်နှေးစေမည်သာဖြစ်ပြီး ရခိုင်ပြည်နယ်အရေးကိစ္စ အပါအဝင် မြန်မာနိုင်ငံ၏ ပြည်တွင်းပဋိပက္ခများသည် ကိုလိုနီခေတ်၏ ဆိုးမွေများ ဖြစ်ကြောင်း သတိချပ်သင့်ပေသည်။ ဗြိတိန်အနေဖြင့် ၁၉၄၈ ခုနှစ် မြန်မာနိုင်ငံကို လွတ်လပ်ရေးပေးခဲ့ချိန်မှစ၍ ယနေ့အထိ ၎င်းတို့တွင် တာဝန်ရှိခဲ့ကြောင်း ဝန်ခံခဲ့ခြင်း မရှိသေးပေ။
မြန်မာနိုင်ငံသည် နိုင်ငံတကာအသိုက်အဝန်းတွင် တာဝန်သိ နိုင်ငံတစ်နိုင်ငံအနေဖြင့် နိုင်ငံတကာ၏ စိုးရိမ်မှုများကို နားလည်ပါ သည်။ သို့သော်လည်း အာဆီယံ၏ တူညီဆန္ဒ (၅) ရပ် အပါအဝင် ပြင်ပမှ လုပ်ငန်းစဉ်များသည် နိုင်ငံတော်အစိုးရ၏ လမ်းပြမြေပုံ (၅) ရပ်နှင့် ဆန့်ကျင်ဘက်မဖြစ်စေဘဲ သဟဇာတဖြစ်ရန် လိုအပ်ပါသည်။ ပိတ်ဆို့အရေးယူမှုများ ချမှတ်ခြင်း၊ အချိန်ကာလသတ်မှတ်ခြင်းနှင့် ဖိအားပေးခြင်းတို့သည် မြန်မာနိုင်ငံအပေါ် အပြုသဘောဆောင်သော သက်ရောက်မှုများထက် ပိုမို၍အပျက်သဘောဆောင်သည့် သက် ရောက်မှုများကိုသာ ဖန်တီးပေးနေမည်ဖြစ်သည်။ မြန်မာနိုင်ငံသည် နိုင်ငံတကာ၏ နားလည်မှု လိုအပ်နေပါသည်။ သို့သော်လည်း ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းကို နိုင်ငံတကာ၏ ထောက်ခံမှုရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ဆက်လက်လျှောက်လှမ်း သွားမည်သာဖြစ်ပေသည်။