ရမည်းသင်း ဖေဖော်ဝါရီ ၂၃

မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ် ဆည်တွင်းကျေးရွာတွင် တစ်နိုင်တစ်ပိုင် စိုက်ပျိုးထားသော ဘူးပင်များ အောင်မြင်ဖြစ်ထွန်း၍ မိသားစု အပိုဝင်ငွေရရှိကြကြောင်း သိရသည်။

ဘူးပင်များစိုက်ပျိုးရာတွင် (၅)ရက်တစ်ကြိမ် ရေလောင်းပေးရကြောင်း၊ ပိုးသတ်ဆေး၊ အသီးအားဆေးများ ပက်ဖျန်းပေးရကာ မိုးဦးရာသီစိုက်ပျိုးရာတွင် မြေအစိုဓာတ်ကောင်းစွာရရှိပြီး အပင်ဖြစ်ထွန်းမှု မြန်ဆန်ကြောင်းနှင့် စိုက်ပျိုးရာတွင် အပင်သန်ပြီး အပင်အပြုအစုကောင်းပါက စိုက်ပျိုးပြီး (၁)ခွဲလအကြာတွင် အသီးများ ခူးဆွတ်ရောင်းချနိုင်ကြောင်း သိရသည်။

ဘူးသီးတစ်လုံးကို ယခင်က ငွေကျပ်(၈၀၀) ရောင်းချရပြီး ယခုတွင် ဘူးသီးတစ်လုံး (၃၀၀)ကျပ် ရောင်းချကာ (၅)ရက်တစ်ပတ်လျှင် အလုံး(၅၀) ခူးဆွတ်ရသည့်အတွက် အိမ်အသုံးစရိတ်ရကြောင်း ဘူးပင်စိုက် တောင်သူများထံက သိရသည်။

ရမည်းသင်း ခရိုင်(ပြန်/ဆက်)