နေပြည်တော် ဧပြီ ၆
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ယနေ့ နံနက်ပိုင်းတွင် ဗထူးတပ်နယ်မှ ခြေလျင်တပ်စုမှူးသင်တန်းသားများ၊ ဗိုလ်လောင်းများနှင့် တပ်မတော် (ကြည်း) အရာခံနှင့် အကြပ်ကြီးသင်ကျောင်းရှိ ကွန်ပျူတာဒီပလိုမာ တပ်ကြပ်ကြီး စာရေးသင်တန်းသားများအား တပ်မတော်(ကြည်း) တိုက်ခိုက်ရေးကျောင်း(ဗထူး) အောင်ဆန်းခန်းမနှင့် တပ်မတော်(ကြည်း) အရာခံနှင့် အကြပ်ကြီးသင်ကျောင်းခန်းမတို့တွင် သီးခြားစီတွေ့ဆုံ၍ လည်းကောင်း၊ မွန်းလွဲပိုင်းတွင် တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစု များအား တပ်မတော်(ကြည်း) တိုက်ခိုက်ရေးကျောင်း(ဗထူး) အောင်ဆန်း ခန်းမ၌ တွေ့ဆုံ၍လည်းကောင်း အမှာစကားပြောကြားသည်။
တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေ းဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်အတူ ဇနီး ဒေါ်သန်းသန်းနွယ်၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီးမောင်မောင်အေးနှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက်ကြသည်။
ထိုသို့ တွေ့ဆုံရာတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ် ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ဗထူး မြို့သည် လေ့ကျင့်ရေးဆိုင်ရာ သင်တန်းကျောင်းကြီးများနှင့် လက်ရုံးဝန်ထမ်းတပ်များ အခြေ ပြုရာ သမိုင်းအစဉ်အလာအရ ထူးခြားသည့် တပ်မြို့ဖြစ်ကြောင်း၊ တပ်မြို့တွင်နေထိုင်သော အရာရှိ၊ အရာခံ၊ အကြပ်စစ်သည်များ အနေဖြင့် မိမိတို့ တပ်၊ ကျောင်း များကိုသာမက မြို့နေလူထု၏ လုံခြုံရေးနှင့် အေးချမ်းစွာနေထိုင် လုပ်ကိုင် စားသောက်နိုင်ရေး အတွက်လည်း ဆောင်ရွက်ပေးရန် လိုကြောင်း။
နိုင်ငံတော် ကာကွယ်ရေးနှင့် ပတ်သက်၍ ယနေ့ခေတ်စစ်ပွဲ ပုံသဏ္ဌာန်သည် ဘက်စုံစစ်ပွဲ အသွင် Multi Dimensional Warfare အဖြစ် အင်အားကြီး နိုင်ငံကြီးအချို့က ဖွံ့ဖြိုးဆဲနိုင်ငံ ငယ်နှင့် ဖွံ့ဖြိုးပြီးနိုင်ငံအချို့အပေါ် ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ အပေါ်တွင်လည်း နိုင်ငံရေး၊ စီးပွား ရေး၊ စစ်ရေး၊ လူမှုရေးနှင့် ဝါဒ ဖြန့်ချိရေး စသည့်နယ်ပယ် ပေါင်းစုံဖြင့် ထိုးနှက်လုပ်ဆောင်နေ မှုများရှိနေကြောင်း၊ အကြမ်းဖက် မှုကို လိုလားသူများအနေဖြင့် နိုင်ငံရေးအရ၊ စီးပွားရေးအရ အဘက်ဘက်မှ ပြိုလဲဖျက်ဆီးရန် ကြိုးပမ်းလာခဲ့မှု၊ ပညာရေး၊ ကျန်းမာရေးကဏ္ဍများ၊ ဘာသာ သာသနာဆိုင်ရာ ထိုးနှက်လာခဲ့မှု များကို မျိုးချစ်စိတ်၊ တိုင်းပြည် ချစ်စိတ်၊ အမျိုးသားရေးစိတ်ဓာတ် တို့ဖြင့် ပြည်သူတစ်ရပ်လုံးနှင့် လက်တွဲကာ ကာကွယ်နိုင်ရန် လိုကြောင်း၊ လွတ်လပ်ရေးရပြီး နောက်ပိုင်း တရုတ်ဖြူကျူးကျော် မှု၊ မူဂျာဟစ်သောင်းကျန်းမှု၊ ကွန်လုံရက် ၄၀ တိုက်ပွဲ၊ မုံကိုး၊ လောက်ကိုင် လွတ်မြောက် နယ်မြေဖြစ်ရေး အကြမ်းဖက် တိုက်ခိုက်မှုများကို တပ်မတော်က အမျိုးသားရေးစိတ်ဓာတ်ဖြင့်ပင် ဦးဆောင်မှုဖြင့် ကာကွယ်ခဲ့ ကြောင်း၊ အလားတူ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ဒီမိုကရေစီ ပျက်ပြားစေရန် အဓမ္မ နိုင်ငံတော် အာဏာရယူရန် ကြိုးပမ်းလာမှု ကိုလည်း တပ်မတော်က ၂၀ဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အညီ ကာကွယ်ထိန်းသိမ်းပေးခဲ့ရ ကြောင်း၊ ထိုသို့ နိုင်ငံတော် ကာကွယ်ရေး တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်ရေးမှာ သိသင့်သိထိုက်၊ တတ်သိတတ်အပ် သော စစ်မှုအတတ်ပညာများ၊ စစ်လက်နက် ပစ္စည်းများကိုကျွမ်းကျင်စွာ ကိုင်တွယ် ဆောင်ရွက်တတ်ရန်လိုကြောင်း၊ ထိုသို့ ဆောင်ရွက်နိုင်ရန်အတွက် လည်း တပ်မတော်သားများအနေဖြင့် အမြဲတမ်းလေ့ကျင့်နေကြရ မည်ဖြစ်ကြောင်း ပြောကြားသည်။
ထိုသို့ စစ်ဘက်ဆိုင်ရာ အသိ ပညာနှင့် အတတ်ပညာများ သင်ကြားလေ့ကျင့်ပေးရာတွင် နည်းပြများအနေဖြင့် စေတနာ ထား၍ တတ်မြောက်သည်အထိ လေ့ကျင့်ပေးသွားရန် လိုကြောင်း၊ မိမိသိသကဲ့သို့၊ မိမိတတ်သကဲ့သို့၊ မိမိကျွမ်းကျင်သကဲ့သို့ သင်တန်း သားများအား တတ်သိကျွမ်းကျင် အောင် အိတ်သွန်ဖာမှောက် သင်ကြားပေးရန် လိုကြောင်း၊ နည်းပြများအနေဖြင့် သင်တန်း သား တပည့်များကို ဆရာဂုဏ် ပြည့်ဝစွာဖြင့် “ရှေးရှုမေတ္တာ၊ ဂရုဏာနှင့် နာနာကျင်ကျင်၊ အပြစ်မြင်တိုင်း ဝမ်းတွင်မသို၊ ဟုတ်တိုင်းဆို၍ ကျိုးလိုစိတ်က၊ ဆုံးမတတ်သူ ဆရာဟူလော့” ဆိုသကဲ့သို့ သင်ကြား စောင့်ရှောက်ပေးရမည်ဖြစ်ကြောင်း။
ဆက်လက်၍ နိုင်ငံတော် ကာကွယ်ရေးတာဝန်ထမ်းဆောင် ရာတွင်လည်း တပ်မတော်(ကြည်း၊ ရေ၊ လေ) လက်ရုံးတပ်ဖွဲ့အသီးသီး က ကျရာအခန်းကဏ္ဍမှ ကျေပွန် အောင် ထမ်းဆောင်နိုင်ကြရမည် ဖြစ်ကြောင်း၊ တပ်မတော်သားများ တာဝန်ကို ကောင်းမွန်စွာထမ်း ဆောင်နိုင်ရန် လေ့ကျင့်သင်ကြား ပေးရာ၊ မွမ်းမံလေ့ကျင့်ပေးရာ သင်တန်းကျောင်းကြီးများရှိရာ မြို့ဖြစ်၍ တာဝန်ထမ်းဆောင်မှုအပေါ် ဂုဏ်ယူစွာဖြင့် မိမိအား ပေးအပ်သည့်တာဝန်များကို ကျေပွန်အောင် ထမ်းဆောင်ကြရန်လိုကြောင်း။
တာဝန်ထမ်းဆောင်မှုနှင့် ပတ်သက်၍ တပ်မတော်သားများသည် နိုင်ငံတော်ကို ကာကွယ်မည်ဟူသော ရည်ရွယ်ချက်ဖြင့် မိမိတို့၏ စိတ်ဆန္ဒအရ ဝင်ရောက်တာဝန် ထမ်းဆောင်နေသူများသာဖြစ်ပြီး တိုင်းရင်းသားအားလုံး နှင့် ဖွဲ့စည်းထားသော ပြည်ထောင်စု တပ်မတော်ဖြစ်ကြောင်း၊ မဖြစ်မနေ အဓမ္မစုဆောင်းခြင်းကို ခွင့်မပြုသကဲ့သို့ ကျန်းမာရေး၊ ပညာရေးအရ လိုအပ်သည်များကိုလည်း ကန့်သတ်၍ စိစစ်ရွေးချယ် ခန့်ထားခြင်း ခံရသူများဖြစ်ကြောင်း၊ ထိုကဲ့သို့ ရွေးချယ်ပြီးချိန် တွင်လည်း လုံလောက်သော အချိန်ရယူ၍ လေ့ကျင့်သင်ကြား ပေးလျက်ရှိပြီး ခေတ်မီလက်နက် ကိရိယာများ ပြည့်စုံအောင် တပ်ဆင်ပေးလျက်ရှိကြောင်း၊ တပ်ဆင်ပေးထားသော ခေတ်မီ လက်နက်ကိရိယာများကို အပြည့် အဝအသုံးချ၍ တိုက်ပွဲစွမ်းရည်၊ တိုက်ပွဲစွမ်းအားရရှိအောင် ဖန်တီးနိုင်ရန်လိုကြောင်း၊ ထိုသို့ ဆောင်ရွက်ခြင်းသည် တစ်ဦးချင်း ၏ စွမ်းရည်၊ တစ်ဦးချင်း၏ စွမ်းအားကို စနစ်တကျဖော်ထုတ် နိုင်ပြီး ကြီးမားသောစုစည်းစွမ်းအားကို တည်ဆောက်နိုင်မည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ အခြေခံကျသော လေ့ကျင့်မှု များကို ရရှိသောအချိန်တိုင်း အလေးထားလေ့ကျင့်နေကြရန် လိုကြောင်း။
စစ်စည်းကမ်းနှင့်ပတ်သက်၍ တပ်မတော်သားများ၏ အသက်ခန္ဓာသည် စစ်စည်းကမ်းနှင့် အမိန့်နာခံမှုပင်ဖြစ်ကြောင်း၊ စစ်စည်းကမ်းကို တိကျစွာလိုက်နာ၍ ပေးအပ်သောအမိန့်ကို နာခံခြင်းဖြင့် ရည်မှန်းချက်တာဝန်ကို ကျေပွန်အောင်ထမ်းဆောင်နိုင်မည်ဖြစ်ပြီး နိုင်ငံတော်ကို ကာကွယ်ရန်ဟူသော အဓိကတာဝန်ကို ထမ်းဆောင်နိုင်မည်ဖြစ်ကြောင်း၊ စည်းကမ်းသည် တပ်မတော်၏ အဓိက ကျောရိုး မဏ္ဍိုင်တစ်ခုဖြစ်ပြီး နေထိုင်သွားလာ စားသောက်မှုမှအစ အသေးစိတ် လုပ်ကိုင်ဆောင်ရွက် မှုအားလုံးကို အခြေခံလေ့ကျင့်ရေး ဝင်သည့်ကာလကပင် စနစ်တစ်ခု အဖြစ် သင်ကြားလေ့ကျင့်ပေးပြီး ဖြစ်ကြောင်း၊ ၎င်းအလေ့အကျင့်ကို ဘဝတစ်လျှောက်လုံး အလေ့အထ ဖြစ်အောင် ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း။
ခေါင်းဆောင်မှုနှင့်ပတ်သက်၍ လုပ်ငန်းတာဝန်အောင်မြင်ရန်မှာ ခေါင်းဆောင်မှုသည် အရေးကြီး ကြောင်း၊ နိုင်ငံတော်ပြန်တမ်း အဖြစ် ခေါင်းဆောင်ခန့်အပ်မှုနှင့် လက်အောက်အရာရှိ၊ စစ်သည်များက ခန့်အပ်သည့် ခေါင်းဆောင် မှုသည် မတူညီကြောင်း၊ မိမိ၏ စည်းကမ်းလိုက်နာမှု၊ ကျွမ်းကျင်မှု၊ နေထိုင်ပြောဆိုမှုကို လိုက်၍ လက်အောက်၏ ယုံကြည်ကိုးစားမှု၊ လေးစားမှုကို ရရှိ၍ ခေါင်းဆောင် မှုကို ရရှိနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် တပ်မတော်က ပြဋ္ဌာန်း ထားသည့် ခေါင်းဆောင်မှု အင်္ဂါရပ် (၁၆)ချက်ကို သိရှိလိုက်နာနေရန် လိုကြောင်း၊ ထို့အပြင် လုပ်ငန်း တာဝန်အရ တပ်မှူးကောင်း စိတ်ဓာတ်ထားရှိရန် လိုအပ်သကဲ့ သို့ တစ်ဖက်တွင်လည်း မိဘသဖွယ် စိတ်ဓာတ်ဖြင့် မိသားစုကဲ့သို့ နွေးထွေးစွာ ဆက်ဆံကြရန်လို ကြောင်း၊ မိမိကွပ်ကဲနေသော တပ်အရွယ်အစားအလိုက် လက် အောက်ငယ်သားများနှင့် ပတ်သက်၍ ကောင်းမွန်သော အုပ်ချုပ်သူ၊ ကောင်းမွန်သော ဘဏ္ဍာရေး ဆိုင်ရာ စီမံခန့်ခွဲသူ၊ ကောင်းမွန်သော တရားစီရင်နိုင်သူနှင့် ကောင်းမွန်သော လေ့ကျင့်ရေးမှူး ကောင်းများနှင့် တပ်မှူးကောင်းများအဖြစ် တည်ဆောက်နေထိုင်ရန်လိုကြောင်း၊ သို့မှသာ လက်အောက်က ယုံကြည်အားထားရသည့် အောင်မြင်သော စစ်ဘက်ခေါင်းဆောင်များ ဖြစ်လာ မည်ဖြစ်ကြောင်း။
ဒါ့အပြင် ကျန်းမာကြံ့ခိုင်မှုနှင့် ပတ်သက်၍ ပေးအပ်သော လုပ်ငန်းတာဝန်နှင့် ရည်မှန်းချက် များ အောင်မြင်နိုင်ရန် ကိုယ် ခန္ဓာ ကြံ့ခိုင်ကျန်းမာနေရန်နှင့် စိတ်ဓာတ် ကြံ့ခိုင်ကောင်းမွန်ရန် လည်း လိုအပ်ကြောင်း၊ မိမိ ကိုယ်တိုင်သာမက မိမိကွပ်ကဲ အုပ်ချုပ်သူ အားလုံးသည် ကိုယ်ရော စိတ်ပါ အမြဲကြံ့ခိုင်ကျန်းမာ သန်စွမ်းနေအောင် စီမံဆောင်ရွက် နေရန်လိုကြောင်း။
အထူးသဖြင့် တပ်မတော်သားများ၏ လုပ်ငန်းသဘောသဘာဝအရ ခက်ခဲကြမ်းတမ်း၍ ပင်ပန်း ဆင်းရဲသော ရည်မှန်းချက်တာဝန် များ ထမ်းဆောင်နေရသူများဖြစ်၍ အမြဲ ကိုယ်စိတ်နှစ်ပါး ကျန်းမာ ကြံ့ခိုင်နေရမည် ဖြစ်ကြောင်း၊ တပ်မတော်သားများသည် သစ္စာ အဓိဋ္ဌာန်(၄)ချက်ကို ရွတ်ဆို နေကြသူများဖြစ်ပြီး နိုင်ငံတော်နှင့် ပြည်သူကို သစ္စာခံထားသူများ ဖြစ်၍ ၂၄ နာရီပေးအပ်သည့် အမိန့်နှင့်တာဝန်များကို သင်ကြား လေ့ကျင့်ပေးသည့် စစ်ပညာကို အသုံးချ၍ ကျေပွန်စွာထမ်းဆောင် နိုင်ရန်လိုကြောင်း၊ တပ်မတော် သားတစ်ဦးချင်း လိုက်နာရမည့် လုပ်ငန်းလမ်းညွှန် ဖြစ်သော ကျင့်ဝတ် အပါး ၂၀ တွင် ပါရှိသည့် ငွေကြေးဆိုင်ရာ ကျင့်ဝတ်၊ အမျိုးသမီးဆိုင်ရာ ကျင့်ဝတ်၊ မူးယစ်ဆေးဝါး ဆိုင်ရာ ကျင့်ဝတ်စသည်တို့ကို ကြံ့ခိုင်သည့် စိတ်ဓာတ်ဖြင့် ထိန်းသိမ်းခြင်းဖြင့် တပ်မတော်သား ဟူသော ဂုဏ်ပုဒ်ကို မြှင့်တင်ထိန်းသိမ်းနိုင်မည်ဖြစ် ကြောင်း၊ စိတ်ဓာတ်ကြံ့ခိုင်ရန် စာဖတ်ခြင်းသည် ကြီးမားသော အထောက်အကူပြုမှု ဖြစ်၍ စာကောင်းပေမွန်များ ဖတ်ရှုလေ့လာနေရန်လိုကြောင်း၊ အဆင့် အတန်းအားလုံး ဖတ်ရှုလေ့လာနိုင်ရန် ရည်ရွယ်၍ တပ်မတော် အကြီးအကဲအနေဖြင့် တပ်မတော်ပိုင်နေ့စဉ်သတင်းစာနှင့် စာအုပ်စာစောင်များ၊ မဂ္ဂဇင်းနှင့် ဆောင်းပါးများ၊ အထွေထွေ ဗဟုသုတဆိုင်ရာများ ပုံမှန်ထုတ်ဝေဖြန့်ချိပေးလျက်ရှိကြောင်း။
တပ်မတော်တည်ဆောက်မှုနှင့် ပတ်သက်၍ တပ်မတော်ကို နိုင်ငံတကာနှင့်ယှဉ်၍ စနစ်တကျ ဖွဲ့စည်း ထားခြင်းဖြစ်ရာ နိုင်ငံတကာ ဥပဒေများဖြစ်သည့် Geneva Convention၊ ပြည်တွင်းလက်နက် ကိုင်သောင်းကျန်းသူများချေမှုန်းရာတွင် လိုက်နာရမည့် ROE စသည် တို့ကိုလည်း သိရှိလိုက်နာရန် လိုကြောင်း၊ အလားတူ လုပ်ငန်းလမ်းညွှန်ဖြစ်သော တပ်မတော်သားများ စောင့်ထိန်းလိုက်နာ လျက်ရှိသည့် ကျင့်ဝတ်အပါး ၆၀ တွင် ပြည်သူလူထုအပေါ် ပြုကျင့်ရမည့် ကျင့်ဝတ်၊ ရန်သူအပေါ် ပြုကျင့်ရမည့် ကျင့်ဝတ်များသည် လည်း နိုင်ငံတကာက လက်ခံထား သည့် လူသားချင်းစာနာထောက် ထားမှုဆိုင်ရာ ကျင့်ဝတ်များနှင့် ကိုက်ညီမှုရှိသည်ကို သိရှိရန်လိုကြောင်း။
ပေးအပ်သော တာဝန်များ ကောင်းမွန်စွာဆောင်ရွက်နိုင်ရန် ကိုယ်ခန္ဓာ ကျန်းမာကြံ့ခိုင်ရေးအတွက် မပျက်လေ့ကျင့်နေရန် လိုကြောင်း၊ ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့် ဆောင်ပုဒ်များကို လိုက်နာလုပ်ဆောင်ရန် လိုကြောင်း၊ အလားတူ စိတ်ဓာတ် ကြံ့ခိုင်မှုရှိရန်မှာလည်း အရေးကြီး ကြောင်း၊ နိုင်ငံကို ဖျက်ဆီးလိုသူများသည် ဘက်ပေါင်းစုံမှ သွေးခွဲတိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိရာ ၎င်းတို့အပေါ် တုံ့ပြန်နိုင်ရန် စိတ်ဓာတ်ကြံ့ခိုင်မှုရှိရန် လိုကြောင်း၊ အမှားအမှန် ပိုင်းခြားဝေဖန်တတ်မှု၊ မိမိ၏ ကိုယ်ရည်ကိုယ်သွေး ပြည့်ဝမှုဖြစ်စေရန်မှာ စာအုပ်၊ စာပေ လူ့မိတ်ဆွေဆိုသကဲ့သို့ အလိမ္မာစာမှာ ရှိဆိုသည့်အတိုင်း စာကောင်းပေမွန်များကိုလည်း အခွင့်အရေးရရှိသည့် အချိန် တိုင်း၌ ဖတ်မှတ် လေ့လာနေရန် လိုပါကြောင်း၊ စာဖတ်ခြင်းဖြင့် အတွေးမှန်၊ အသိမှန်များရရှိကာ ယုံကြည်ချက်၊ ခံယူချက်၊ ရည်မှန်း ချက်များမြင့်မားကာ အမှားအမှန် ဝေဖန်ပိုင်းခြားနိုင်ရေး၊ စိတ်ဓာတ်ကြံ့ခိုင်မှုကို တည်ဆောက်နိုင် မည်ဖြစ်ကြောင်း။
ဗထူးတပ်မြို့သည် လေ့ကျင့် ရေးကျောင်းကြီးများ ရှိသကဲ့သို့ ခြေလျင်/ခြေမြန် တပ်ရင်းများ၊ လက်ရုံးတပ်ဖွဲ့များလည်း ရှိကြရာ တပ်ရင်း/တပ်ဖွဲ့နှင့် မိသားစုများ အတွက် တပ်တည်ဆောက်ရေး လုပ်ငန်းကြီး (၄)ရပ်ကိုလည်း နေ့စဉ်သမားစဉ်လုပ်ငန်းများနှင့်အတူ အောင်မြင်အောင် အကောင် အထည်ဖော် ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ လေ့ကျင့်ရေးကို တစ်ဖက်မှာလည်း ကိုယ်တိုင်၊ သင်တန်းသားများပါ လေ့ကျင့်ပေးသကဲ့သို့ တပ်နယ်အတွင်းရှိ သန္ဓေအရာရှိ စစ်သည်များနှင့် မိသားစုများကို တိုက်ပွဲဝင် စိတ်ဓာတ်များ၊ စစ်မှုအတတ်ပညာများ သိရှိလိုက်နာနိုင်ရေးကိုလည်း လေ့ကျင့်ပေးနေရမည်ဖြစ်ကြောင်း။
အုပ်ချုပ်ရေးနှင့် ပတ်သက်၍ စစ်ဆင်ရေး၊ လုံခြုံရေးနှင့် လေ့ကျင့် ရေးဆိုင်ရာများ အောင်မြင်ရန် အုပ်ချုပ်ရေးသည် အဓိကကျကြောင်း၊ တပ်မတော်ရုံးလုပ်ငန်း များကို ဦး၊ ရေး၊ ထောက် ပင်နရံ ကောင်းမွန်စွာလည်ပတ်မှုဖြင့် ထိန်းကျောင်းထားကြောင်း၊ စစ်စည်းကမ်းဆိုင်ရာ စည်းမျဉ်း၊ အမိန့်နှင့် ညွှန်ကြားချက်များကို လိုက်နာ၍ ဦး၊ ရေး၊ ထောက် လုပ်ငန်းများကို ဟန်ချက်ညီ ထိန်းကျောင်း သွားရန် လိုကြောင်း၊ ပုံမှန်ဆောင်ရွက်ရသော လုပ်ငန်းစဉ်ဖြစ်၍ တာဝန်ရှိသူများက စိတ်ဝင်တစားဆောင်ရွက်သွားရန် လိုကြောင်း၊ အုပ်ချုပ်ရေးပိုင်းကို ပိုင်နိုင်စွာ ဆောင်ရွက်နိုင်ခြင်းဖြင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၏ သက်သာ ချောင်ချိမှုကိုလည်း ထိရောက်စွာ လုပ်ဆောင်နိုင်မည် ဖြစ်ကြောင်း၊ တပ်မတော်အကြီး အကဲ၏ လမ်းညွှန်ချက်အပေါ် တပ်ရင်း/တပ်ဖွဲ့ အသီးသီးက အကောင်အထည်ဖော်နိုင်ခဲ့သဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် နိုင်ငံအနှံ့အပြား စီးပွားရေး လုပ်ငန်းများ ထိခိုက်ပျက်ပြားချိန် တွင် တပ်ရင်း/တပ်ဖွဲ့များမှ ထွက်ရှိ သော စိုက်ပျိုး/မွေးမြူရေး ထွက်ကုန်များသည် တပ်တွင်းရှိ အရာရှိ၊ စစ်သည်များအပြင် တပ်ရင်း/တပ်ဖွဲ့အလိုက် စည်းရုံး ရေးနယ်မြေဒေသ အသီးသီးရှိ ပြည်သူအများစုအတွက်လည်း တစ်ဖက်တစ်လမ်းက အထောက် အကူပြုခဲ့ကြောင်း၊ ထို့ကြောင့် တပ်မတော်မှ ချမှတ်ထားသော သက်သာချောင်ချိရေးဆိုင်ရာ မူဝါဒ နှင့် လမ်းညွှန်ချက်များကို မှန်မှန် ကန်ကန် အကောင်အထည်ဖော် နေရမည်ဖြစ်ကြောင်း။
စိတ်ဓာတ်ပိုင်းဆိုင်ရာအနေဖြင့် အရာရှိ၊ စစ်သည်၊ မိသားစုများ အားလုံး တစ်ဦးချင်း၏ တပ်ဖွဲ့ အပေါ် ချစ်ခင်သည့် သံယောဇဉ် စိတ်ဓာတ်ရှိရန် လိုကြောင်း၊ စိတ်ဓာတ်ကောင်းမွန်ရန် ရေပက် မဝင်သော စည်းလုံးညီညွတ်မှုရှိရန် လိုအပ်ပြီး စည်းလုံးညီညွတ်မှုမှ ပေါင်းစည်းအင်အားဖြင့် ပူးပေါင်း ဆောင်ရွက်မှုများ ရရှိမည်ဖြစ် ကြောင်း၊ တပ်ဖွဲ့စိတ်ဓာတ်မှ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်နှင့် အမျိုးသားရေး စိတ်ဓာတ်များ ပေါ်ထွက်နိုင်မည်ဖြစ်ကြောင်း။
ယနေ့အထိ တပ်မတော်အနေ ဖြင့် ခိုင်မာသောအဖွဲ့အစည်း အဖြစ် ရပ်တည်နိုင်မှုမှာ အရာရှိ၊ အရာခံ၊ အကြပ်စစ်သည် တစ်ဦးချင်းတို့၏ ကျန်းမာကြံ့ခိုင် သောဇွဲ၊ စိတ်ဓာတ်များကြောင့် ပင်ဖြစ်ကြောင်း၊ စစ်ဆင်ရေး အပါအဝင် လုပ်ငန်းတာဝန်များ အောင်မြင်စွာ ထမ်းဆောင်နိုင်ရန်မှာ စိတ်ဓာတ်ကောင်းမွန်ရန် လိုအပ်ပြီး စိတ်ဓာတ်ကောင်းမွန် ရန်မှာလည်း သက်သာချောင်ချိရေးနှင့် အုပ်ချုပ်ရေးတို့ မျှတ ကောင်းမွန်နေရန် လိုကြောင်း၊ ဒေသရှိ တိုင်းရင်းသား ပြည်သူ လူထုက ယုံကြည်ကိုးစားရသော တပ်နယ်၊ နိုင်ငံတော်၊ တပ်မတော် က အားထားရသည့် တပ်နယ် တစ်ခုဖြစ်အောင် စည်းလုံး ညီညွတ်စွာ ပူးပေါင်းဆောင်ရွက် သွားကြရန် လိုကြောင်း။
လက်ရှိ တည်ဆောက်ထား သည့် ရေပက်မဝင်သော စည်းလုံး မှုကို ဆက်လက်ခိုင်မြဲအောင် ထိန်းသိမ်းသွားရန် လိုကြောင်း၊ တာဝန်ရှိသူများအနေဖြင့် ညီညွတ် မျှတသော အုပ်ချုပ်မှုဖြင့် မိမိ လက်အောက်ငယ်သားများကို ကျောသားရင်သား မခွဲခြားဘဲ စီမံအုပ်ချုပ်ရန် လိုကြောင်း၊ ရပိုင်ခွင့်နှင့် သက်သာချောင်ချိမှု များ မှန်မှန်ကန်ကန်မျှတစွာ ရရှိ အောင် တာဝန်ရှိသူများက စိတ်ဝင်တစား လုပ်ဆောင်နေရန် လိုကြောင်း၊ မိမိကွပ်ကဲရသော တပ်အဖွဲ့အစည်းကို ကျစ်လျစ် ခိုင်မာအောင် တည်ဆောက်၍ ထိတွေ့ဆက်ဆံရသော မိဘ ပြည်သူများအပေါ် ဆွေမျိုးမိဘ သဖွယ် ဆက်ဆံခြင်းဖြင့် နိုင်ငံ တော်ကာကွယ်ရေး မဟာဗျူဟာ ဖြစ်သည့် ပြည်သူ့စစ်မဟာဗျူဟာ ကို အောင်မြင်စွာဖော်ဆောင်နိုင် မည်ဖြစ်ကြောင်း၊ ထို့ပြင် မိဘ ပြည်သူများကို နှိပ်စက်သတ်ဖြတ် အနိုင်ကျင့်နေသော အကြမ်းဖက် အဖွဲ့များ၏ ဘေးရန်ကို ကာကွယ် ပေးနိုင်ခြင်းဖြင့် ပြည်သူလူထု၏ ယုံကြည်ကိုးစားမှုကို ရရှိနိုင်မည် ဖြစ်ကြောင်း ပြောကြားပြီး တက် ရောက်လာကြသည့် သင်တန်း သားများ၊ ဗိုလ်လောင်းများနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၏ တစ်ဦးချင်းတင်ပြချက်များအပေါ် တာဝန်ရှိသူများနှင့် ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးသည်။
တွေ့ဆုံပွဲများအပြီးတွင် နိုင်ငံ တော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ် ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းက သင်တန်း သားများ၊ ဗိုလ်လောင်းများနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ အတွက် တပ်မတော်စက်ရုံများမှ ထုတ်လုပ်သည့် စားသောက် ဖွယ်ရာများကို ပေးအပ်ရာ တာဝန် ရှိသူများက လက်ခံရယူသည်။ ထို့အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီး ချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)၏ဇနီး ဒေါ်သန်းသန်းနွယ် က ဒေသထွက်စားသောက်ဖွယ်ရာ များနှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းအတွက် ထောက်ပံ့ငွေများကို ပေးအပ်ရာ တပ်နယ်မှူး၏ဇနီးက လက်ခံရယူ သည်။
အလားတူ ညှိနှိုင်းကွပ်ကဲရေး မှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးက သင်တန်းသား များအတွက် အားကစားပစ္စည်း များကို ပေးအပ်ရာ တာဝန်ရှိသူ များက လက်ခံရယူသည်။
ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ် ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် အဖွဲ့ ဝင်များသည် တက်ရောက်လာကြ သည့် အရာရှိ၊ စစ်သည်၊ မိသားစု များအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ကြသည်။
ထို့အပြင် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီး ချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် အဖွဲ့ဝင်များသည် တပ်မတော်(ကြည်း) အရာခံနှင့် အကြပ်ကြီးသင် ကျောင်းရှိသင်တန်းသား စားရိပ်သာ၌ သင်တန်းသားများနှင့်အတူ နေ့လယ်စာကို အတူတကွ သုံးဆောင်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်