ရန်ကုန် ၁၅ ဖေဖော်ဝါရီ
ရုပ်ရှင်ဇာတ်ကားအပေါ် ခွဲခြမ်းစိတ်ဖြာလေ့လာခြင်းအစီအစဉ်အဖြစ် ဒါရိုက်တာ Abbas Kiarostami ၏ Like Someone in Love ဇာတ်ကားအား ဖေဖော်ဝါရီ ၁၇ ရက် မွန်းတည့် ၁၂နာရီတွင် ရန်ကုန်မြို့ ၊ အမှတ်(၅၀) ရွှေတောင်ကြားလမ်းရှိ ရုပ်ရှင်အနုပညာရပ်ဝန်းမှ ရုပ်ရှင်ပြခန်းမ၌ ပြုလုပ်ကြမည်ဖြစ်သည်။
ထိုသို့လေ့လာခြင်းကို Cinematheque Program ၏ ကဏ္ဍခွဲတစ်ခုအဖြစ် (၁၁)ကြိမ်မြောက် ပြုလုပ်ခြင်းဖြစ်ပြီး မြန်မာ့ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်ကြောင်းနှင့် ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးစင်တာမှ စီမံခန့်ခွဲရေးအဖွဲ့ဝင် ဒေါက်တာအောင်မင်းမှ ဦးဆောင်ဆွေးနွေးမည် ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)