နေပြည်တော်     မေ    ၁၅

 

မိုးလေဝသနှင့်   ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့နံနက် ၇ နာရီတွင် ထုတ်ပြန်သည့် ဆိုင်ကလုန်း မုန်တိုင်း (Cyclonic Storm) သတိပေးချက်များအရ  ချင်းပြည်နယ်  မတူပီမြို့အနီးမှ   ကုန်းတွင်းပိုင်းသို့ ရွေ့လျားဝင်ရောက်ခဲ့သည့် အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း  (Severe  Cyclonic  Storm) "မိုခါ" (MOCHA) သည် မြောက်-အရှေ့ မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး ဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm)  "မိုခါ"  (MOCHA)  အဖြစ်သို့  အားလျော့သွားခဲ့ကာ  စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း ကသာမြို့အနီးမှ မြောက်-အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားလျက်ရှိကြောင်း သိရှိရသည်။

 

အဆိုပါ   ဆိုင်ကလုန်းမုန်တိုင်း   ဝင်ရောက်ခဲ့ပြီးဖြစ်သည့်  မြို့၊ ရွာများနှင့်  မုန်တိုင်းဆက်လက်ရွေ့လျားရာ လမ်းကြောင်းတစ်လျှောက်၌  လိုအပ်သည့်  အရေးပေါ်စီမံခန့်ခွဲခြင်း၊ တုံ့ပြန်ခြင်း၊ ကယ်ဆယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ အသင့်ပြင်ဆင်စုဖွဲ့ထားရှိခြင်းနှင့် ပြန်လည်ထူထောင်ရေး ဆိုင်ရာ ကိုယ်စီလုပ်ငန်းတာဝန်များ ပြုလုပ်ခြင်းတို့ကို  ဆောင်ရွက်ပေးနိုင်ရေးအတွက်     သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး အရေးပေါ်အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်၍ ကာကွယ်ရေးဦးစီးချုပ်ရုံး စုဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

 

အစည်းအဝေးသို့ ကောင်စီတွဲဖက်အတွင်းရေးမှူး  ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီး များဖြစ်ကြသည့် ဦးအောင်နိုင်ဦး၊ ဒေါက်တာ ကံဇော်နှင့်   ဦးမောင်မောင်အုန်း၊    ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ် (လေ)  ဗိုလ်ချုပ်ကြီး ထွန်းအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်း စစ်ဌာန ချုပ်တိုင်းမှူးနှင့်  တာဝန်ရှိသူများ  တက်ရောက်ကြသည်။

 

ဦးစွာ   စစ်ထောက်ချုပ်   ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်းက  မုန်တိုင်းဒဏ်ကြောင့်   ထိခိုက်ခဲ့ သည့်နေရာများ၌  သွပ်နှင့် လျှပ်စစ်ဓာတ်အားများ လိုအပ်လျက်ရှိမှု၊ မုန်တိုင်းသင့်ဒေသများတွင် အရေး ပေါ်  ကူညီကယ်ဆယ်ရေး    ဆောင်ရွက်ရန်အတွက် ဖွဲ့စည်းထားသည့်     ယာဉ်အစုအဖွဲ့များမှ     ကူညီ ကယ်ဆယ်ရေးအဖွဲ့များအနေဖြင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိမှုနှင့် ထပ်မံစေလွှတ်နိုင်ရေး ပြင်ဆင်ဆောင်ရွက်လျက်ရှိမှု  တို့ကိုလည်းကောင်း၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး    မိုးအောင်က    မုန်တိုင်းတိုက်ခတ်မှု အခြေအနေများ၊ မိုးရွာသွန်းမှုအခြေအနေများ၊ ရခိုင် ပြည်နယ်အတွင်း    မုန်တိုင်းဒဏ်ကြောင့်    ထိခိုက် ပျက်စီးခဲ့မှု  အခြေအနေများ၊  ဆိုင်ကလုန်းမုန်တိုင်း  မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်နိုင်မှုအခြေအနေများကို သုံးသပ်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြား ချက်များအရ မုန်တိုင်း ဖြတ်သန်းဝင်ရောက်နိုင်မည့် လမ်းကြောင်းပေါ်ရှိ   မြို့၊  ရွာများကို  ဆက်သွယ်မှု မပြတ်တောက်စေရေး  ဆောင်ရွက်ခဲ့သည့်  အခြေ အနေများနှင့် ယခုမုန်တိုင်း ဖြတ်ကျော်ဝင်ရောက်  ခဲ့ပြီးသည့်  မြို့၊  ရွာများ၌လည်း  ကြိုတင်ပြင်ဆင် ပြောင်း‌ရွှေ့ခြင်းများနှင့် အခြားလိုအပ်သည်များကို တပ်မတော်နှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ပြည်သူ များ၏   ဝိုင်းဝန်းစုပေါင်း၍    ကြိုတင်ပြင်ဆင်ခြင်း၊ ရွှေ့ပြောင်းခြင်းများ ဆောင်ရွက်နိုင်ခဲ့သောကြောင့် လူများ သေကျေထိခိုက်မှု အနည်းဆုံးအခြေအနေဖြင့် ကျော်လွှားနိုင်ခဲ့မှုအခြေအနေတို့ကို လည်းကောင်း ရှင်းလင်းတင်ပြကြသည်။

 

အမြန်ဆုံး ပို့ဆောင်ပေးရန်လို

တင်ပြချက်များအပေါ် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က တပ်မတော် စစ်အင်ဂျင်နီယာတပ်ဖွဲ့အနေဖြင့်  ရခိုင်ပြည်နယ်အတွင်းရှိ   မုန်တိုင်းဒဏ်သင့်ဒေသများ၌ ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ကြိုတင်စုပုံထားရှိသည့် သွပ်နှင့် ဆောက်လုပ်ရေးသုံး ပစ္စည်းများကို လေယာဉ်များ၊ မော်တော်ယာဉ်များ၊   တပ်မတော်စစ်ရေယာဉ်များဖြင့် အမြန်ဆုံး ပို့ဆောင် ပေးရန်လိုကြောင်း၊ လျှပ်စစ်ဓာတ်အားလိုင်းများ    ပြန်လည်ပြုပြင်  တည်ဆောက်ရေးအတွက် လည်း စစ်အင်ဂျင်နီယာတပ်ဖွဲ့ဝင်များကို အမြန်ဆုံး စေလွှတ်ပေးရမည်ဖြစ်ကြောင်း၊ အလားတူစားသောက်  ဖွယ်ရာများနှင့်       လူသုံးကုန်ပစ္စည်းများကိုလည်း  ပို့ဆောင်ပေးရန်လိုကြောင်း၊ မုန်တိုင်းသင့်ဒေသများ သို့ စားသောက်ဖွယ်ရာများနှင့် လူသုံးကုန်ပစ္စည်းများ ရောက်ရှိရာတွင် ထိခိုက်ပျက်စီးဆုံးရှုံးမှုများ မဖြစ်ပေါ် စေရေး  စုပုံထားရှိသည့်အချိန်၌  ယာယီတဲများဖြင့် ထားရှိနိုင်ရေး ဆောင်ရွက်ရန်လိုကြောင်း၊ မုန်တိုင်း ဒဏ်သင့်ဒေသများသို့   ကူညီရေးပစ္စည်းများ  ပေးပို့လှူဒါန်းလိုသည့်   အလှူရှင်များ    လှူဒါန်းနိုင်ရေး ဆောင်ရွက်၍ အမြန်ဆုံးပို့ဆောင်ပေးရန်လိုကြောင်း ဖြင့် ပြောကြားသည်။

 

ထို့နောက်  ပြည်ထောင်စုဝန်ကြီးများ၊  ရန်ကုန် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် ရုံးမှ    တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူးတို့က မုန်တိုင်းသင့်ဒေသများသို့  ပို့ဆောင်နိုင်ရန်အတွက် ဒေသအလိုက်စုပုံထားရှိသည့် အရန်ဆန်များကို     အမြန်ဆုံး    ပို့ဆောင်နိုင်ရေး ဆောင်ရွက်လျက်ရှိမှု၊ ကူညီကယ်ဆယ်ရေးပစ္စည်း  များ  ပေးပို့နိုင်ရေးအတွက်   တပ်မတော်လေယာဉ်၊ ရဟတ်ယာဉ်များကို အသင့်ပြင်ဆင်ထားရှိပြီး အချိန် နှင့်တစ်ပြေးညီ ပို့ဆောင်ပေးနိုင်ရေး အသင့်ပြုလုပ် ထားရှိမှု၊ အသင့်စား ခေါက်ဆွဲခြောက်များနှင့် ရေသန့် များ  အပါအဝင်  စားသောက်ဖွယ်ရာများ၊   ကူညီ  ကယ်ဆယ်ရေးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများနှင့်  သွပ်နှင့် သွပ်မှိုများအပါအဝင် ဆောက်လုပ်ရေးသုံး ပစ္စည်းများကို အသင့်ပြင်ဆင်၍ အမြန်ဆုံးပေးပို့နိုင် ရေး  ဆောင်ရွက်လျက်ရှိမှု၊  ရခိုင်ပြည်နယ်အတွင်း ဆက်သွယ်မှု ပြတ်တောက်ခဲ့သည့် မုန်တိုင်းသင့်ဒေသများ၌ ဆက်သွယ်ရေးလိုင်းများ      ပြန်လည် ကောင်းမွန်စေရေး ဆောင်ရွက်ပေးလျက်ရှိမှု၊ မုန်တိုင်းသင့်ဒေသများ၌ လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေးအတွက် တပ်မတော်ဆေးဝန်ထမ်း တပ်ဖွဲ့ဝင်များကို စေလွှတ်လျက်ရှိမှုနှင့် ထပ်မံစေလွှတ်နိုင်ရေး အသင့်ပြင်ဆင်ထားရှိမှု၊ ပုဂံရှေးဟောင်းယဉ်ကျေးမှု    နယ်မြေရှိ စေတီပုထိုးအချို့ ထိခိုက်ပျက်စီးမှု၊ မုန်တိုင်းဒဏ်သင့် ဒေသများတွင် ရေဝင်ရောက်မှုကြောင့် ဝမ်းရောဂါများ     ဖြစ်ပွားလာနိုင်သဖြင့် သောက်သုံးရေများ သန့်ရှင်းမှုရှိစေရေး    ရေသန့်စင်မှုလုပ်ငန်း များကို ဆောင်ရွက်ပေးရန် လိုအပ်မှု၊ မုန်တိုင်းနှင့် ပတ်သက်သည့် သတင်းများ၊ သတိပေးထုတ်ပြန် ချက်များနှင့်  မုန်တိုင်းကြောင့်  ထိခိုက်ပျက်စီးမှု အခြေအနေများကို  အချိန်နှင့်တစ်ပြေးညီ  သတင်းထုတ်ပြန်မှုများ ဆောင်ရွက်လျက်ရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

 

အမြန်ဆုံး ပြန်လည်ပြုပြင်

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မိမိတို့အနေဖြင့် မုန်တိုင်းအန္တရာယ် သတိပေးချက်များကို အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ပေးနိုင်ခဲ့မှု များကြောင့်  မုန်တိုင်းတိုက်ခတ်ချိန်တွင်  လူ့အသက်အန္တရာယ် ထိခိုက်မှုများကို အနည်းဆုံး အခြေအနေဖြင့်  ကျော်လွှားနိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ မုန်တိုင်းဒဏ်သင့်ဒေသများ၌     ကူညီကယ်ဆယ် ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ကြိုတင်စုဖွဲ့ထားသည့် ကယ်ဆယ်ရေး အဖွဲ့များကို  အမြန်ဆုံးစေလွှတ်ခြင်းနှင့် စားသောက်ဖွယ်ရာများ၊  ရေသန့်များ၊ လူသုံးကုန်ပစ္စည်းများ၊ ဆောက်လုပ်ရေးသုံးပစ္စည်းကိုလည်း အမြန်ဆုံးပို့ဆောင်ပေးရန် လိုကြောင်း၊ ဆက်သွယ်မှုပြတ်တောက် ခဲ့သည့် ဒေသများတွင် ဆက်သွယ်မှုကွန်ရက်များ ပြန်လည်ကောင်းမွန်စေရေး အမြန်ဆုံး ပြန်လည်ပြုပြင်ပေးရန်လိုကြောင်း၊  မုန်တိုင်းဆက်လက်ဖြစ်ပေါ်နေသည့် သတင်းအချက်အလက် များကိုလည်း     အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ပေးနိုင်ရေး တာဝန်ရှိသူများ အနေဖြင့်    ဆောင်ရွက်ရန် လိုကြောင်း၊   ပျက်စီးမှုဖြစ်ပေါ်ခဲ့သည့် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ   စေတီပုထိုးများကိုလည်း   ပြုပြင်ထိန်းသိမ်းရန် လိုကြောင်းဖြင့် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်