မြိတ်  ၁၅ ဖေဖော်ဝါရီ 


တက္ကသိုလ်ကျောင်းသား ကျောင်းသူများ အားကစား စွမ်းရည်မြင့်မာစေရေး၊ ကျောင်းသား ကျောင်းသူ အချင်းချင်း ချစ်ကြည် ရင်းနှီးမှုပိုမိုရရှိစေရေးအတွက် အထူးပြုဘာသာရပ်ပေါင်းစုံ တက္ကသိုလ်ဘောလီဘောပြိုင်ပွဲကို ကျင်းပလျက် ရှိရာ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကို ယနေ့ မွန်းလွဲ ၃ နာရီက မြိတ်တက္ကသိုလ် မိုးလုံလေလုံ အားကစားခန်းမတွင် ကျင်းပသည်။


ပြိုင်ပွဲစဉ်များကို ဖေဖောဝါရီ ၄ ရက်မှ စတင်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ပြီး အထူးပြုဘာသာရပ်ပေါင်းစုံမှ အမျိုးသားအသင်း(၁၀)သင်း၊ အမျိုးသမီးအသင်း(၁၀)သင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြရာ အမျိုးသား ဘောလီဘောအသင်းပြိုင်ပွဲတွင် သမိုင်းအထူးပြုအသင်းက ပထမ၊ ပထဝီဝင်အထူးပြုအသင်းက ဒုတိယရရှိပြီး အမျိုးသမီးဘောလီဘောပြိုင်ပွဲတွင် သမိုင်းအထူးပြုအသင်းက ပထမ၊ မြန်မာစာအထူးပြုအသင်းက ဒုတိယ ရရှိခဲ့သည်။


ထို့နောက် ဆုရရှိသည့်အသင်းများနှင့် ပွဲစဉ်တစ်လျှောက် အကောင်းဆုံးကစားသမားများကို မြိတ်တက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာဝင်းဝင်းသန်းနှင့် ပါမောက္ခဌာနမှူးများမှ ဆုများပေးအပ် ချီးမြှင့်ခဲ့ကြောင်း သိရသည်။


ဇော်မျိုးနိုင် (မြိတ်ခရိုင်ပြန်/ဆက်)

 

123