အစ္စလာမ္မာဘတ် ၁၈ ဖေဖော်ဝါရီ
ဆော်ဒီအာရေဗျနိုင်ငံ၏ ဩဇာအာဏာကြီးမားသည့် တော်ဝင်အိမ်ရှေ့မင်းသား မိုဟာမက် ဘင်ဆယ်လ်မန်သည် တနင်္ဂနွေနေ့က ပါကစ္စတန်သို့ ရောက်ရှိခဲ့သည်။ပါကစ္စတန်သို့ ရောက်ရှိမှုသည် ၄င်းအာရှခရီးစဉ်အစဖြစ်ပြီး ယင်းခရီးစဉ်အတွင်း အကျိုးအမြတ်များသည့် ကန်ထရိုက်စာချုပ်ချုပ်ဆိုမှုများ ပြုလုပ်ရန် ကြိုးပမ်းသွားမည်ဖြစ်ကာ ၄င်း၌ မဟာမိတ်များ ရှိနေသေးသည်ကို ထုတ်ဖော်သွားမည်ဖြစ်ကြောင်း သိရသည်။
အမ်ဘီအက်စ်ဟု လူသိများသည့် ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင်ဆယ်လ်မန်သည် ပါကစ္စတန်၌ တနင်္လာနေ့မတိုင်မီအထိ နေထိုင်မည်ဖြစ်သည်ဟု ခန့်မှန်းရသည်။ အိန္ဒိယနှင့် ဆော်ဒီအာရေဗျ၏ အဓိကယှဉ်ပြိုင်ဘက်ဖြစ်သည့် အီရန်တို့က ပါကစ္စတန်ကို မကြာသေးမီက ၄င်းတို့မြေပေါ်တွင် အသေခံဗုံးခွဲတိုက်ခိုက်မှုလုပ်ဆောင်ခဲ့သည့် စစ်သွေးကြွအုပ်စုများကို ကူညီပံ့ပိုးပေးနေသည်ဟု စွပ်စွဲလျက်ရှိသည်။ ဒေသတွင်း၌ ထိုသို့တင်းမာမှုများ အမြင့်ဆုံးဖြစ်ပွားနေချိန်တွင် ဆော်ဒီအိမ်ရှေ့မင်းသား၏ ခရီးစဉ်ပေါ်ထွက်လာခြင်းဖြစ်သည်။
ပါကစ္စတန်သို့ ရောက်ရှိပြီးနောက်တွင် မိုဟာမက်သည် အိန္ဒိယသို့ သွားမည်ဖြစ်ပြီး အိန္ဒိယယဝန်ကြီးချုပ် နာရိန္ဒြာရာ မိုဒီနှင့် ရေနံဝန်ကြီး ဒါမန်ဒရာ ပရာဒဟန်တို့နှင့်တွေ့ဆုံမည်ဖြစ်ကြောင်း သိရသည်။
အိမ်ရှေ့မင်းသားသည် လာမည့်ကြာသပတေးနေ့နှင့် သောကြာနေ့တို့တွင် တရုတ်နိုင်ငံသို့ အလည်အပတ်သွားရောက်ကာ ၄င်း၏အာရှခရီးစဉ်ကို အဆုံးသတ်မည်ဟု ခန့်မှန်းရသည်။
အေအက်ဖ်ပီ