ဆစ်ဒနီ ၁၈ ဖေဖော်ဝါရီ 

 

ဩစတြေးလျရှိ အထင်ကရဖြစ်သည့် ဘိုင်ရွန်ပင်လယ်အော်၌ အသက် ၄၁ နှစ်အရွယ်ရှိရေလွှာလျှောစီးကစားသူတစ်ဦး တနင်္ဂနွေနေ့က ငါးမန်းကိုက်ခံခဲ့ရကြောင်း သိရသည်။


 
ထိုသို့ဖြစ်ပွားပြီးနောက် ၄င်းကို ဆေးရုံသို့ လေယာဉ်ဖြင့် ပို့ဆောင် ခဲ့ရသည်။ရေလွှာလျှောစီးသူအမျိုးသားသည် ဘီလွန်ဂီလ် ကမ်းခြေ၌ အရုဏ်တက်ပြီးချိန်တွင် ရေလှိုင်းစီးနေခဲ့ပြီး ယင်းအချိန်တွင် ခြေထောက်ကိုငါးမန်းကိုက်ခံလိုက်ရခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။ 

 

အဆိုပါအမျိုးသား၏ ရေလွှာလျှောစီးပျဉ်ချပ်၏ အမြီးပိုင်းမှာလည်း ကိုက်ဖဲ့ခံခဲ့ရသည်။ငါးမန်းကိုက်ခံရသည့် အမျိုးသားသည် ၄င်း၏ပျဉ်ချပ်ဖြင့် ကမ်းခြေဆီသို့ ပြန်လှည့်လာခဲ့ပြီး ကမ်းခြေရှိ အခြားသူများကို အကူအညီပေးရန် တောင်းခံခဲ့သည်။ ၄င်းအား လေယာဉ်ဖြင့် Gold Coast University ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။ 

 

၄င်းရရှိသည့် ဒဏ်ရာပြင်းထန်သော်လည်း အခြေအနေတည်ငြိမ်သွားပြီဖြစ်ကြောင်း သိရသည်။

 

ဘိုင်ရွန်ပင်လယ်အော်သည် ကမ္ဘာလှည့်ခရီးသွားဧည့်သည်များနှင့် လှိုင်းစီးသူများ နှစ်သက်သဘောကျသည့် အထင်ကရနေရာတစ်ခုဖြစ်သည်။ 

 

အေအက်ဖ်ပီ