၁၈ ဖေဖော်ဝါရီ

 

ထိုင်းနိုင်ငံသား အသက် ၅၉ နှစ်အရွယ် သတိမေ့ရောဂေါရှင် (dementia ဝေဒနာရှင်) ဟာ လွန်ခဲ့တဲ့ ၈ လက သူမအိမ်နဲ့ မနီးမဝေးမှာရှိတဲ့ သားဖြစ်သူကို သွားတွေ့ရာကနေ ၆၄၀ ကီလိုမီတာ လမ်းလျှောက်ပြီး တရုတ်နိုင်ငံကို ရောက်ရှိသွားခဲ့ပါတယ်။ ၈ လကြာပြီးနောက်  ပြီးခဲ့တဲ့ သောကြာနေ့ကတော့ ကေရိုမေးနီ အာဂျော ဟာ ထိုင်းနိုင်ငံပြန်ရောက်လာပြီး မိသားစုနဲ့ ဆုံဆည်းခွင့် ပြန်လည်ရရှိခဲ့ပါတယ်။ 

 

အာဂျောဟာ ချင်းရိုင်ခရိုင်မှာ နေထိုင်တဲ့အခါ တောင်ပေါ်တိုင်းရင်းသားဖြစ်ပါတယ်။ သူမဟာ ပြီးခဲ့တဲ့နှစ် ဇွန်လ ၁၂ ရက်နေ့က ပျောက်ဆုံးကြောင်း အမှုဖွင့်ထားခဲ့ပါတယ်။ ထိုင်းနိုင်ငံသားကတ်ပါ တပါးတည်းပါရှိတဲ့ အာဂျောကို တရုတ်နိုင်ငံ ကူမင်းပြည်နယ်ထဲမှာ ဇန်နဝါရီ လကုန်ပိုင်းက တရုတ်အာဏာပိုင်တွေက တွေ့ခဲ့ရာ ထိုင်းအာဏာပိုင်တွေကို ချက်ချင်းဆက်သွယ်ခဲ့ကြောင်း သိရပါတယ်။ 

 

တရုတ်နိုင်ငံဟာ လာအိုနဲ့ မြန်မာနိုင်ငံတို့နဲ့ ဆက်စပ်နေတဲ့အတွက်  အာဂျောဘယ်နယ်စပ်ကိုဖြတ်ပြီး ဘယ်လိုမျိုး ခရီးဆက်နေလဲဆိုတာတွေ ရှင်းရှင်းလင်းလင်း မသိဘူးဖြစ်ပါတယ်။ အာဂျောအပြောအရတော့ ခြေလျင်လျှောက်သွားရင်း လမ်းတစ်လျှောက်ရှိ ဈေးဆိုင်တွေကနေ အစာတောင်းစားပြီး သွားနေတာလို့  ချင်းရိုင်လူဝင်မှုကြီးကြပ်ရေးရုံးက အရာရှိက သတင်းဌာနတွေကို ပြောပါတယ်။ 

 

ပြီးခဲ့တဲ့ သောကြာနေ့က အာဂျောရဲ့သမီး အသက် ၃၅ နှစ်အရွယ် ဆူချာဒါနဲ့ ထိုင်းအာဏာပိုင်တွေ တရုတ်နိုင်ငံ ကူမင်းပြည်နယ်ကို လိုက်သွားပြီး အာဂျောကို ပြန်ခေါ်ခဲ့တာဖြစ်ပါတယ်။ 

 

အာဂျောဟာ ၈ လအတွင်း ၂၀ ကီလိုဂရမ် ကိုယ်အလေးချိန် ကျသွားကြောင်း သိရပါတယ်။ 

 

MDN

 

ကိုးကား - AFP 

 

18 feb 19 intel 001

 

18 feb 19 intel 002