ကျန်းမာရေးဝန်ကြီးဌာန၊  အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနသည်  ဆေးဝါးများ       ဘေးအန္တရာယ် ကင်းရှင်းမှုရှိစေရန်နှင့် အရည်အသွေး၊ အကျိုးအာနိသင်ထိရောက်မှုရှိစေရန် ဆေးဝါးမှတ်ပုံတင်ခြင်း၊ ထုတ်လုပ်ခြင်း၊  တင်သွင်းခြင်းလုပ်ငန်းများကို စနစ်တကျ စိစစ်ဆောင်ရွက်လျက်ရှိပါသဖြင့် Myanmar FDA Registration အမှတ်ပါရှိသော ဆေးဝါးများကိုသာ သုံးစွဲကြပါရန် အသိပေးနှိုးဆော်အပ်ပါ သည်။

 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့(မြန်မာ)၏ အကြောင်းကြားချက်အရ Moderna Co. မှ အတုဟု အတည်ပြုထားသည့် Moderna COVID-19 Bivalent Original & Omicron BA.4/BA.5 (Lot No. AS7185B နှင့် Lot No. AS7144B) ကာကွယ်ဆေးအတုများကို အချို့ဆေးခန်းများနှင့် Online Clinic များတွင် Online Facebook Page များမှတစ်ဆင့် ရောင်းချထိုးနှံနေကြောင်း သိရှိရပါသည်။  Moderna Co. အနေဖြင့် မြန်မာနိုင်ငံသို့ရောင်းချခြင်းနှင့် လှူဒါန်းခြင်း မရှိပါကြောင်း ဖော်ပြပါရှိပါသည်။

 

အများပြည်သူအနေဖြင့် အဆိုပါ တရားမဝင်ကာကွယ်ဆေးအတုများကို သိရှိနိုင်စေရန်နှင့် တရားမဝင် ကာကွယ်ဆေး ထိုးနေသည့် ဆေးခန်း၊ Online Facebook များ၏ ကာကွယ်ဆေးထိုးနှံပေးနေခြင်းများကို ရှောင်ရှားနိုင်စေရန် အသိပေးအပ်ပါသည်။

 

သို့ဖြစ်ပါ၍ ကျန်းမာရေးဝန်ကြီးဌာန၏အစီအစဉ်ဖြင့် ထိုးနှံပေးလျက်ရှိသော ဘေးအန္တရာယ်ကင်းရှင်းပြီး အရည်အသွေး အာနိသင်ထိရောက်မှုရှိသော အသိအမှတ်ပြုကာကွယ်ဆေးများကို ထိုးနှံကြပါရန် အသိပေးနှိုးဆော်အပ်ပါသည်။                                                 

အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန