၁၉ ဖေဖော်ဝါရီ
FA ဖလား ပဉ္စမအဆင့် ပွဲစဉ်အဖြစ် ချယ်လ်ဆီး အသင်းနှင့် မန်ယူအသင်းတို့ အင်္ဂါနေ့ နံနက်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့ရာ အဝေးကွင်းမှာ လာရောက်ယှဉ်ပြိုင် ကစားခဲ့သည့် မန်ယူအသင်းက ချယ်လ်ဆီး အသင်းကို နှစ်ဂိုး - ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။
FA ဖလားပြိုင်ပွဲ၏ လက်ရှိချန်ပီယံ ချယ်လ်ဆီး အသင်းသည် အိမ်ကွင်းမှာ မန်ယူအသင်းကို နိုင်ပွဲရရှိရေးအတွက် ပြင်ဆင်လာခဲ့သော်လည်း မန်ယူအသင်းက ပထမပိုင်းတွင် သွင်းယူခဲ့သော သွင်းဂိုးနှစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။ မန်ယူအသင်းအတွက် သွင်းဂိုးများကို ပွဲချိန် ၃၁ မိနစ်တွင် ဟာရဲရားက ဦးဆောင်ဂိုး သွင်းယူခဲ့ပြီး ဒုတိယဂိုးကို ပေါ့ဘာက ပွဲချိန် ၄၅ မိနစ်တွင် သွင်းယူခဲ့သည်။
ဒုတိယပိုင်းတွင် ချယ်လ်ဆီးအသင်း အနေဖြင့် မန်ယူအသင်းဘက်ကို ဂိုးပြန်လည်ရရှိဖို့အတွက် ဖိအားပေးကစားနိုင်ခဲ့သော်လည်း မန်ယူနောက်ခံ ကစားသမားများနှင့် ဂိုးသမားတို့ အကောင်းဆုံးပုံစံဖြင့် ဟန့်တားနိုင်မှုတွေကြောင့် ဂိုးပြန်လည်မရရှိတော့ဘဲ ပွဲအပြီးတွင် မန်ယူအသင်း အနိုင်ရရှိကာ FA ဖလား ကွာတားဖိုင်နယ် အဆင့်ကို တက်ရောက်နိုင်ခဲ့သည်။
MDN