ဆီဆိုင် ၁၉ ဖေဖော်ဝါရီ
ဆီဆိုင်မြို့နယ်လုံးဆိုင်ရာ ပအိုဝ်းအမျိုးသားနေ့ အထိမ်းအမှတ်ဖလား ဘောလုံးပြိုင်ပွဲကို ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ နောင်ကျောကျေးရွာအုပ်စု၊ ပုံးလောင်းကျေးရွာရှိ တပေါင်းကွင်း၌ ဖေဖော်ဝါရီ ၁၈ ရက် နံနက် ၉ နာရီခွဲက စည်ကားသိုက်မြိုက်စွာကျင်းပရာ ပြိုင်ပွဲဝင်ဘောလုံး အသင်းပေါင်း(၁၁၃)သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ဆီဆိုင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁)ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်လှသိန်း၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် ဗဟိုအတွင်းရေးမှူး ဦးခွန်ထွန်းရွှေနှင့် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစောမောင်ဗွေ တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။
အဆိုပါပြိုင်ပွဲကို တစ်ရွာနှင့်တစ်ရွာ ချစ်ကြည်ရင်းနှီးမှုနှင့် စည်းလုံးညီညွှတ်မှုရှိစေရန် အားကစားစိတ်ဓာတ်ရှင်သန် ထက်မြက်ပြီး စုပေါင်းလုပ်ဆောင်မှုစွမ်းအားတိုးတက်လာစေရန်အတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်ပြီး ပြိုင်ပွဲကို ဖေဖော်ဝါရီ ၁၈ ရက်မှ မတ် ၂၂ ရက်ထိ ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။
ခွန်ရဲထွေး(ဆီဆိုင်)