မြစ်ကြီးနား      စက်တင်ဘာ ၁၅

 

နိုင်ငံ‌တော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူသည် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာ၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးလှိုင်၊ ပြည်နယ်ဝန်ကြီးများနှင့်အတူ မြစ်ကြီးနားမြို့မှ တနိုင်းခရိုင်၊ တနိုင်းမြို့သို့ ယနေ့ နံနက်ပိုင်းတွင် တပ်မတော်ရဟတ်ယာဉ်ဖြင့် ရောက်ရှိကြသည်။

 

ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်သည် တနိုင်းမြို့ ဟူးကောင်းခန်းမ၌ ဒေသကွပ်ကဲ ရေးမှူးနှင့် တပ်မတော်အရာရှိကြီးများ၊ ခရိုင်အတွင်းရှိ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ပညာရေး ဝန်ထမ်းများ၊ မြို့မိ မြို့ဖများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ၊ လူမှုကူညီရေး ပရဟိတအသင်း/အဖွဲ့များ၊ စိုက်ပျိုးရေးကိုယ်စားလှယ် တောင်သူများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံသည်။

 

ထိုသို့ တွေ့ဆုံရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူက နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်ကို ရေးဆွဲချမှတ်ပြီး နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး၊ စားရေရိက္ခာဖူလုံရေး၊ ပြည်တွင်းထုတ်ကုန်များ တိုးတက်မြှင့်မားရေး MSME လုပ်ငန်း များကို အားပေးမြှင့်တင်ဆောင်ရွက်ပေးရေး၊ ကျန်းမာကြံ့ခိုင်ပြီး ပညာရည်ပြည့်ဝသော၊ ဗလငါးတန်နှင့် ပြည့်စုံသော အနာဂါတ်လူငယ်များ လေ့ကျင့်မွေးထုတ်ပေးနိုင်ရေး၊ ပြည်တွင်း ငြိမ်းချမ်းရေးရရှိရေး၊ တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်အေးချမ်းမှုရရှိရေးနှင့် လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးကို စသည့် လုပ်ငန်းစဉ်များ ဆောင်ရွက် လျက်ရှိရာ မိမိတို့ ပြည်သူတစ်ဦးချင်းစီက အတူတကွ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း ပြောကြားသည်။

 

ထို့နောက် တက်ရောက်လာကြသည့် မြို့မိ/မြို့ဖများ၊ အသင်းအဖွဲ့များ၊ စိုက်ပျိုးမွေးမြူရေး တောင်သူ ကိုယ်စားလှယ်များ၊ ဒေသခံပြည်သူများက စိုက်ပျိုးမွေးမြူရေး၊ ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များကို တင်ပြကြသည်။

 

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး၊ မြို့ပြနှင့် ကျေးလက်ဖွံ့ဖြိုးမှု ကွာဟချက် ကျဉ်းမြောင်းရေး၊ တစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘဏ္ဍာနှစ်အလိုက် လုပ်ငန်း စီမံကိန်းများချမှတ်၍ အကောင်အထည်ဖော်ဆောင်ရွက်ပေးနေမှု အခြေအနေများ၊ တနိုင်းဒေသသည် ဆန်ဖူလုံရေးအနေဖြင့် ၇၈ ရာခိုင်နှုန်းသာရှိသည့်အတွက် တနိုင်းဒေသဆန်ဖူလုံရေးနှင့် မွေးမြူရေးဇုန် အကောင်အထည်ဖော်နိုင်ရေး စီမံချက်ရေးဆွဲ၍ လိုအပ်သည်များကို ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် လိုအပ်ချက်များကို  ဖြည့်စွက်ရှင်းလင်း ပြောကြားသည်။

 

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က တနိုင်းဒေသအတွင်း ပန်းခင်းစီမံချက်(၂)ဖြင့် ဆောင်ရွက်ပေးသည့် အသက်(၁၆)နှစ်မှ (၁၈)နှစ်အထိ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား (၁၄၂)ကတ်ကို ပေးအပ်ပြီး ပြည်နယ် ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် တနိုင်းဒေသရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု အသင်းအဖွဲ့များအတွက် ထောက်ပံ့ငွေကျပ် ၁၂ သိန်း၊ လူမှုပရဟိတ အသင်းအဖွဲ့များအတွက် ထောက်ပံ့ငွေကျပ် ၁၈ သိန်းကို ထောက်ပံ့ပေးအပ်ကြသည်။

 

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က စိုက်ပျိုးမွေးမြူရေး လိုအပ်ချက်များကို အလေး အနက်ထား ဖြည့်ဆည်းပေးနိုင်ရေး ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။

 

ထိုမှတစ်ဆင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်သည် တနိုင်းမြို့ (၅)မိုင်ရှိနိုင်ငံ့ စီးပွားမြှင့်တင်ရေး ရန်ပုံငွေကျပ်သိန်း (၇၀၀) ပံ့ပိုးမှုဖြင့် ဆောင်ရွက်နေသည့် ဒေါ်နန်ဂျာ၏ ဝက်ခြံ၌ အသားတိုးဝက် ကောင်ရေ (၁၅၀)ကျော် စီးပွားဖြစ်တိုးတက်အောင်မြင်လာမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးကြပြီး လိုအပ်သည်များကို မေးမြန်းဆွေးနွေးကာ ဝက်ဝမ်းကျကာကွယ်ဆေးများနှင့် မွေးမြူရေး အထောက်အကူပြု ဆေးဝါးများကို ထောက်ပံ့ပေးအပ်ကြသည်။

 

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် ပြည်နယ်ဝန်ကြီးချုပ်တို့သည် ပြည်နယ် ဝန်ကြီးများနှင့်အတူ မြစ်ကြီးနားတက္ကသိုလ်ဝင်းအတွင်း ဝန်ထမ်းများနှင့် အဆောင်နေ ကျောင်းသား/ ကျောင်းသူများ၊ ရပ်ကွက်အတွင်းရှိ ပြည်သူများအား ပြည်နယ်အစိုးရအဖွဲ့၏စီမံမှုဖြင့် ဌာနဆိုင်ရာများ၊ စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ပြင်ပပေါက်ဈေးထက် ပိုမိုသက်သာသော ဈေးနှုန်းဖြင့် ဆန်၊ ကြက်၊ ဝက်၊ အမဲ၊ ငါး၊ စားသုံးဆီနှင့် အသီးအနှံများ ဖွင့်လှစ်ရောင်းချပေးနေမှုကို ကြည့်ရှုအား ပေးကာ တက္ကသိုလ် ပါမောက္ခချုပ်နှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းအဖွဲ့အစည်းများအတွက် အခြေခံစားသောက်ကုန် များကို ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရှိရသည်။

(သတင်းစဉ်)