ရန်ကုန် စက်တင်ဘာ ၁၆

မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များ အဖွဲ့ချုပ်(MOEAF)၏ ဒဿမအ ကြိမ်မြောက်နှစ်ပတ်လည် သင်းလုံးကျွတ်အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ Chatrium Hotel ၌ ကျင်းပသည်။

အခမ်းအနားသို့ အလုပ်သမားဝန်ကြီးဋ္ဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင် ၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်သန်း၊ လူမှုဖူလုံရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဦးတင်ကိုကိုနိုင်၊ မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်း ရှင်များအဖွဲ့ချုပ်(MOEAF) ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ (၁)နှင့်(၂)၊ အထွေထွေအတွင်းရေးမှူးနှင့် အဖွဲ့ချုပ်မှ အဖွဲ့ဝင်အေဂျင်စီတို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဉီးစွာ ပြည်ထောင်စုဝန်ကြီး က ပြည်ပနိုင်ငံများသို့ အလုပ်သမားစေလွှတ်ရေး လုပ်ငန်းစဉ် များကို သက်ဆိုင်ရာနိုင်ငံအလိုက် လုပ်ငန်းကော်မတီများအနေဖြင့် မှန်မှန်ကန်ကန် လုပ်ဆောင်ကြရန်လိုအပ်ကြောင်း၊ ပြည်ပကို အလုပ်သမားများ တရားဝင်စေလွှတ်ရေးလုပ် ငန်းစဉ်များဆောင်ရွက်နိုင်ရန်အတွက် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လအထိ ပြည်ပအလုပ်အကိုင်အ ကျိုးဆောင်လိုင်စင်ရအေဂျင်စီ ၄၇၇ ခု၊ ယာယီပိတ်သိမ်းထားသည့် အေဂျင်စီ ၁၀ ခု၊ လက်ရှိဆောင်ရွက်နေသည့် အေဂျင်စီ ၄၆၇ ခု ရှိကြောင်း၊ (ထိုင်း)လိုင်စင်ရအေဂျင်စီ ၁၅၈ ခုရှိပြီး ယာယီပိတ်သိမ်းသည့် အေဂျင်စီ ၈ ခုရှိသဖြင့် လက်ရှိဆောင်ရွက်နေသည့် (ထိုင်း) လိုင်စင်ရအေဂျင်စီ ၁၅၀  ရှိပါကြောင်း။

ပြည်ပနိုင်ငံများသို့ အလုပ်သမားစေလွှတ်သည့် ပြည်ပအလုပ်အကိုင်အကျိုးဆောင် လိုင်စင်ရအေဂျင်စီနှင့် အလုပ်သမားတို့အကြား ချုပ်ဆိုမည့်စံစာချုပ်ကို စက်တင်ဘာ ၁ ရက်မှ စတင်အကောင်အထည်ဖော်ဆောင်ရွက်ရန် ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရ အေဂျင်စီများအားလုံးကို အကြောင်းကြားထားပြီးဖြစ်ကြောင်း၊ ထိုစာချုပ်အရ မိသားစုလွှဲပို့ငွေများမှ လစဉ်အခြေခံလစာ၏ ၂၅ ရာခိုင်နှုန်းကို တရားဝင်လမ်းကြောင်းဖြင့် လွှဲပြောင်းပေး ပို့ရမည်ဖြစ်ကြောင်း၊ အလုပ်သမားများအနေဖြင့် ပြည်ပမှ တရားဝင်လွှဲပေးပို့နိုင်သည့် နည်းလမ်းများနှင့် အကျိုးကျေးဇူးများကို ပြည်ပအလုပ်အကိုင်လမ်းညွှန်သင်တန်းများ၊ အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ် ချုပ်ဆိုရာတို့တွင် အလုပ်သမားများအား ရှင်းပြပေးရန်လိုအပ်ကြောင်း၊ တရားဝင်လမ်းကြောင်းမှ လွှဲပို့သည့်အတွက် မိခင်နိုင်ငံ၏ ဝင်ငွေတစ်ခုအဖြစ် ပြန်လည်ဝင်ရောက်လာမည် ဖြစ်သကဲ့သို့ ၎င်းအလုပ်သမားများ၏ မိသားစုလူမှုစီးပွား ကောင်းမွန်တိုးတက်လာမည်ဖြစ်ကြောင်း။

ထိုင်းနိုင်ငံသို့ MoU စနစ်ဖြင့် သွားရောက်အလုပ်လုပ်ကိုင်မည့် အလုပ်သမားများအတွက် အလုပ်ရှင်၊ အလုပ်သမား အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ် ချုပ်ဆိုခြင်းကို ယခင်က အလုပ်သမားများနေထိုင်ရာ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်တို့တွင် ချုပ်ဆိုခွင့်ပြုရာမှ အချိန်ကုန်သက်သာစေရေးအတွက် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်း တစ်ခုတည်းတွင် ချုပ်ဆိုခြင်းကို စက်တင်ဘာ (၁၁) ရက်က စတင်ခွင့်ပြုပေးခဲ့ပြီးဖြစ်ကြောင်း ပြောကြားသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်ရှိ ပင်မဆေးသိုလှောင်ရေးဌာနသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းလိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျောက်တံတားမြို့နယ်ရှိ လူမှုဖူလုံရေး-ကဲဝဲလ်အထွေထွေရောဂါကုဆေးခန်းသို့  သွားရောက်ပြီး အကျုံးဝင်အာမခံအလုပ်သမားများကို ကျန်းမာရေးစောင့်ရှောက်မှုပေးနေမှုများကိုကြည့်ရှုစစ်ဆေး၍ အာမခံအလုပ်သမားများကို အားပေးစကားပြောကြားသည်။ 

ရန်ကုန်တိုင်းဒေသကြီးတွင် အကျုံးဝင်အာမခံအလုပ်သမား (၈၉၂,၀၀၀) ကျော်ရှိပြီး အဆိုပါ အာမခံအလုပ်သမားများ၏ ကျန်းမာရေးစောင့်ရှောက်မှုအတွက် ရန်ကုန်အလုပ်သမားဆေးရုံကြီး၊ ထန်းတပင်အလုပ်သမားဆေးရုံ၊ မြို့နယ်လူမှုဖူလုံရေးဆေးခန်း(၂၂)ခန်း၊ ဌာနကြီးဆေးခန်း(၁၈) ခန်း၊ တိုင်းရင်းဆေးခန်း (၁)ခန်း၊ စာချုပ်ဆေးခန်း (၃၀)၊  မီးဖွားခြင်းဆိုင်ရာဝန်ဆောင်မှုဆောင်ရွက် သည့် ဆေးခန်း(၁၀)ခန်းတို့ ဖွင့်လှစ်၍ ဝန်ဆောင်မှုဆောင်ရွက်ပေးလျက်ရှိသည်။ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီမှ ဩဂုတ်အထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အာမခံအလုပ်သမားလူနာပေါင်း (၇၂၈,၈၆၉) ဦးကို ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ခဲ့သည်။

လူမှုဖူလုံရေးအဖွဲ့အနေဖြင့်  အကျုံးဝင်အာမခံအလုပ်သမားများ၏ ကျန်းမာရေးစောင့် ရှောက်မှုကို ပိုမိုထိရောက်လွယ်ကူစေရန် ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများနှင့် စာချုပ်ချုပ်ဆို ဆောင်ရွက်လျက်ရှိရာ ယခုအခါတွင် Fee For Service Payment ဆေးခန်း (၂၀) ခန်း၊ Capitation Payment ဆေးခန်း (၂၆) ခန်း၊ သားဖွားမီးယပ်ပြင်ပလူနာဝန်ဆောင်မှု (Specialist OG OPD care) (၁၅) ခန်းနှင့် မီးဖွားမှုဝန်ဆောင်မှုဆေးခန်း (၁၂) ခန်းဖြင့် ကျန်းမာရေးဝန်ဆောင်မှု ပေးလျက်ရှိရာ နေပြည်တော်ကောင်စီနယ်မြေတွင် ဇန်နဝါရီလမှ ဩဂုတ်လအထိ လူနာဉီးရေ (၂,၉၃၉) ဦးအတွက် ဆေးဖိုးကုန်ကျငွေ ကျပ် ၅၄၆ဒသမ၂၀၆ သန်း ပေးအမ်းခဲ့ပြီးဖြစ်ကြောင်း သိရသည်။

သတင်းစဉ်