ရန်ကုန် ၂၁ ဖေဖော်ဝါရီ 

 

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက ဦးစီးကျင်းပသော ပြတိုက်လှုပ်ရှားမှုအဖြစ် Museum Activities II ပန်းချီပြပွဲကို ဖေဖော်ဝါရီ ၂၀ ရက်မှ ၂၈ ရက်အထိ ရန်ကုန်မြို့ ပြည်လမ်း(ပဲခူးကလပ်)ရှိ၊ အမျိုးသားပြတိုက်(ရန်ကုန်) ဘက်စုံခန်းမ၌ နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီခွဲအထိ ပြလျက်ရှိရာ မည်သူမဆို အခမဲ့လာရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။ 

 

ဒုတိယကြိမ် ပြတိုက်လှုပ်ရှားမှုအဖြစ် ပန်ချီဆရာ ၇၄ ဦး၏ လက်ရာပန်းချီကား တစ်ကားစီကို ပြသရောင်းချလျက်ရှိရာ ယခုအကြိမ်တွင် အမျိုးသားပြတိုက်က ၎င်းတို့အနက်မှ လက်ရာမြောက် ပန်းချီကား ၁၄ ကားကို ဝယ်ယူစုဆောင်းခဲ့ကြောင်း ပြတိုက်တာဝန်ခံက ပြောသည်။ 

 

IMG_20190

 

ပါဝင်သည့် ပန်းချီကားများမှာ မြန်မာ့ရိုးရာဓလေ့ ယဉ်ကျေးမှုနှင့်ဆိုင်သည့် လက်ရာပုံများဖြစ်ပြီး ပန်းချီအမျိုးအစားများမှာ ဆီးဆေး၊ ရေဆေးနှင့် Acrylic များ ဖြစ်ကြောင်း၊ Acrylic ပန်းချီကားက ပိုများပြီး ဈေးနှုန်းများမှာ အမေရိကန်ဒေါ်လာ ၃၀ဝ မှ ၆၅၀ဝ အထိရှိကာ နိုင်ငံခြားသားများ ပိုမိုစိတ်ဝင်တစား လာရောက်ကြည့်ရှုကြကြောင်း ပန်းချီပြပွဲတာဝန်ခံက ပြောသည်။ 

 

ဖေဖော်ဝါရီ ၂၀ ရက်က ပြပွဲဖွင့်ပွဲအခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးဇော်အေးမောင် တက်ရောက် အားပေးစကား ပြောကြားခဲ့သည်။ 

 

သန့်စင်ဝင်း(MNA) 

 

IMG_20190