မိုးနဲ   ၂၅ ဖေဖော်ဝါရီ 

 

ရှမ်းပြည်နယ်(တောင်ပိုင်း) မိုးနဲမြို့တွင် ဒေသခံပြည်သူများအား ရွေ့လျားဓာတ်မှန်စက်ဖြင့် (အခမဲ့)တီဘီရောဂါရှာဖွေခြင်း၊ ကုသပေးခြင်းများနှင့် လိုအပ်သော ကျန်းမာရေး ပြုစုစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခြင်းကို ယနေ့ နံနက် ၈ နာရီက ရှမ်းပြည်နယ် (တောင်ပိုင်း) မိုးနဲမြို့နယ် ဥယျာဉ်ရပ်ကွက်ရှိ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

IMG_201

 

ထို့သို့ဆောင်ရွက်ရာတွင် ရှမ်းပြည်နယ် ပြည်နယ်တီဘီရောဂါ တိုက်ဖျက်ရေးဌာနမှ တီဘီဆရာဝန်ကြီး ဒေါက်တာအိအိချော ဦးစီးသည့် အဖွဲ့ဝင်များနှင့် မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ကျန်းမာရေးဝန်းထမ်းများက ရွေ့လျားဓာတ်မှန်စက်ဖြင့် ဒေသခံပြည်သူ ၁၅၃ ဦးကို ရောဂါရှာဖွေ ကုသခြင်းများ ဆောင်ရွက်ပေးခဲ့ပြီး ကျန်ရှိသော ရပ်ကွက်နှင့် ကျေးရွာများတွင်လည်း ကွင်းဆင်း၍ ရှာဖွေကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

မျိုးညွန့်ရွှေ(မိုးနဲ)

 

IMG_201902