၂၆ ဖေဖော်ဝါရီ

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအမ်သည် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် ဒုတိယအကြိမ် ထိပ်သီးဆွေးနွေးပွဲတက်ရောက်ရန် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့သို့ သွားရောက်ခဲ့ကြောင်း သိရသည်။

ကင်ဂျုံအမ် လိုက်ပါစီးနင်းသည့် ရထားသည် တရုတ်နယ်စပ်အနီး ရှိ ဒေါင်ဒန်းဘူတာရုံသို့ ရထားဖြင့် ရောက်ရှိခဲ့ကြောင်း ဖော်ပြထားသည်။

 

mdn

 

ကင်သည် ဗီယက်နမ် အစိုးရ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ပြီးနောက် ၁၇၀ ကီလိုမီတာ အကွာရှိ မြို့တော်သို့ ရောက်ရှိခဲ့သည်။

အဆိုပါခရီးကို ရောက်ရှိရန် အချိန်များစွာကြာမည်ဟု ကင်က  ထင်ထားကြောင်း သိရသည်။

ကိုးကား အန်အိတ်ချ်ကေ
ဘာသာပြန် မြင့်မြင့်ချို

 

mdn