စေတုတ္တရာ ၂၆ ဖေဖော်ဝါရီ
ကျေးလက်နေပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှု ကွင်းဆင်းဆောက်ရွက်ခြင်းနှင့် တိရစ္ဆာန်များကုသမှု ဆောင်ရွက်ပေးခြင်းကို ယနေ့ နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ် သံဆည်ကျေးရွာတွင် ပြုလုပ်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် စေတုတ္တရာမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ဆရာဝန် ဒေါက်တာရဲထွဋ် ဦးစီးသော အဖွဲ့ဝင်(၉)ဦးသည် ကျေးရွာနေပြည်သူများအား ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ဆေးဝါးများ အခမဲ့ကုသပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပြီး မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဒေါက်တာဇော်မျိုးအောင် ဦးဆောင်သော အဖွဲ့ဝင် (၃) ဦးက အိမ်မွေးတိရစ္ဆာန်များအား ရောဂါရှာဖွေ စစ်ဆေးပေးခြင်းနှင့် လိုအပ်သည့် တိရစ္ဆာန်ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
စည်သူလွင်(ပြန်/ဆက်)
