မက္ကဆီကိုစီးတီး၊ ဇွန် 

တနင်္ဂနွေနေ့ ရွေးကောက်ပွဲပြီးနောက် ၎င်းအောင်ပွဲမိန့်ခွန်း တွင် ကလော်ဒီယာရှိန်ဘမ်းက မိမိသည် မက္ကဆီကိုနိုင်ငံ၏ ပထမဆုံးအမျိုးသမီးသမ္မတတစ်ဦး ဖြစ်လာတော့မည်ဖြစ်ကြောင်း ကြေညာလိုက်သည်။

ရွေးကောက်ပွဲ အာဏာပိုင်များက မက္ကဆီကိုမြို့တော်ဝန်ဟောင်း မက္ကဆီကို နိုင်ငံ၏ လူကြိုက်အများဆုံး ပါတီဖြစ်သည့် မိုရီနာပါတီ၏ သမ္မတလောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော ကလော်ဒီယာရှိန်ဘမ်းသည် ကနဦးရလဒ်တွင် မဲရာခိုင် နှုန်း ၅၈ မှ ၆၀ ရာခိုင်နှုန်းကြား အထိ ရရှိကြောင်း ကြေညာခဲ့သည်။ ရှိန်ဘမ်းသည် ၎င်းနှင့်အနီး ဆုံးပြိုင်ဘက်ဖြစ်သည့် ဇိုချီတယ် ဂါးဗက်ကို မဲအသာဖြင့် အနိုင် ရရှိခဲ့သည်။

ရွေးကောက်ပွဲသည် ပြိုင်ဘက်နှစ်ဦးကြား အကျိုးရှိသည့် ယှဉ်ပြိုင်မှုတစ်ခုဖြစ်ခဲ့သည်။ ဇိုချီ တယ်ဂါးဗက်သည် လွှတ်တော်အမတ်ဟောင်းတစ်ဦးဖြစ်ပြီး အတိုက်အခံညွန့်ပေါင်းအဖွဲ့၏ ကိုယ်စားလှယ်လောင်း တစ်ဦးလည်းဖြစ်သည်။ ရှိန်ဘမ်းက ယခုလိုအောင်မြင်မှုသည် မိမိ တစ်ဦးတည်းအတွက် အောင်မြင်မှုမဟုတ်ဘဲ အမျိုးသမီးအားလုံးအတွက် အောင်မြင်မှုဖြစ်ကြောင်း ပြောကြားခဲ့သည်။

မူးယစ်ကုန်သည်ကြီးများနှင့် အခြားအဖွဲ့များ၏ လူသတ်မှု၊ ပြန်ပေးဆွဲမှုများ ကဲ့သို့သော အကြမ်းဖက်ဖြစ်ရပ်များ ဖြစ်ပွားနေချိန်တွင် ကလော်ဒီယာ ရှိန်ဘမ်းသည် မက္ကဆီကိုနိုင်ငံ၏ သမ္မတဖြစ်လာမည်ဖြစ်သည်။

အင်န်အိတ်ချ်ကေ