ရန်ကုန် ၁ မတ်
ရုပ်ရှင်ဇာတ်ကားအပေါ် ခွဲခြမ်းစိတ်ဖြာလေ့လာခြင်း အစီအစဉ်အဖြစ် ဒါရိုက်တာ Emir Kusturica (Serbian) ၏ Underground ဇာတ်ကားအား မတ် ၃ ရက် မွန်းတည့် ၁၂ နာရီတွင် ရန်ကုန်မြို့၊ အမှတ်(၅၀) ရွှေတောင်ကြားလမ်းရှိ ရုပ်ရှင်အနုပညာရပ်ဝန်းမှ ရုပ်ရှင်ပြခန်းမ၌ ပြုလုပ်ကြမည်ဖြစ်သည်။
ထိုသို့ လေ့လာခြင်းကို Chinematheque Program ၏ ကဏ္ဍခွဲတစ်ခုအဖြစ် (၁၂)ကြိမ်မြောက် ပြုလုပ်ခြင်းဖြစ်ပြီး ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးစင်တာမှ စီမံခန့်ခွဲရေးအဖွဲ့ဝင် ဒေါက်တာအောင်မင်းမှ ဦးဆောင်ဆွေးနွေးမည်ဖြစ်ကြောင်း၊ မြန်မာ့ရုပ်ရှင် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)