မန္တလေး  ၂    မတ်   

 

သဘာဝပတ်ဝန်းကျင် မပျက်စီးစေရန်ရည်ရွယ်ပြီးကျင်းပသည့် Miss Earth Myanmar 2019 အတွက် စီးတီးဝင်းနား ရွေးချယ်ပွဲကို အခုလ ၁ ရက်က မန္တလေးမြို့တွင် ကျင်းပပြုလုပ်ခဲ့သည်။

 

ge 5297093

 

အဆိုပါရွေးချယ်ပွဲတွင် Miss Earth Mandalay ၊ Miss Earth Kyuse ၊ Miss Earth Pyinoolwin ဆိုပြီး ဝင်းနားဆု သုံးဆုအပြင် Miss Air Mandalay, Miss Water Mandalay, Miss Fire Mandalay, Miss Teen Mandalay, Miss Eco Tourism Mandalay စသည့် Title ဆုများလည်း ချီးမြှင့်ခဲ့သည်။ 

 

530106


“မြန်မာနိုင်ငံရဲ့ သဘာဝပတ်ဝန်းကျင် မပျက်စီးအောင်လို့ လူငယ်တွေ အသိပညာပေးချင်တာလည်းပါတယ်။ Miss ပွဲတွေမှိုလိုပေါက်နေတယ်ဆိုပေမယ့် Miss Earth ကတော့ နာမည်လည်းရှိပြီးသား Big 5 ထဲမှာလည်းပါတယ်'' ဟုနေရှင်နယ်ဒါရိုက်တာမြတ်နိုးပွင့် ကပြောသည်။ 

 

5305362


Miss Earth Myanmar 2019 အတွက် စီးတီးဝင်းနား ရွေးချယ်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်သည့် ပြိုင်ပွဲဝင် ၁၉ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့သည်။ 

 

532262


ပြိုင်ပွဲတွင် ရွေးချယ်ခံရသူများသည် ၂၀၁၉ ခုနှစ် နိုဝင်ဘာလတွင် နိုင်ကိုယ်စားပြုရွေးချယ်မည့် Miss Earth Myanmar 2019 တွင် ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။ Miss ပြီးခဲ့သည့်နှစ်က ကျင်းပခဲ့သည့် Miss Earth Myanmar 2018 ကို ချောရူပါသက် က ရရှိခဲ့သည်။

 

အိမို့မို့ခိုင်

 

53678