ဟနွိုင်း၊ ဇူလိုင် ၂၉

 

ဗီယက်နမ်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ယခုနှစ် ပထမခြောက်လအတွင်း အစာအဆိပ်သင့်မှု ၃၆ မှု ဖြစ်ပွားခဲ့ပြီး လူပေါင်း ၂၁၃၈ ဦး နှင့် သေဆုံးသူခြောက်ဦးရှိကြောင်း ဒေသဆိုင်ရာ မီဒီယာများက ဇူလိုင် ၂၉ ရက်တွင် ဖော်ပြသည်။

 

အဆိုပါ ပမာဏမှာ ယမန်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်လျှင် ရောဂါဖြစ်ပွားမှု အကြိမ်ရေ လေးဆလျော့ကျခဲ့ သော်လည်း အစာအဆိပ်သင့်သူ ဦးရေ ၁၄၃၂ ဦးအထိ တိုးလာကြောင်း ဆပ်ခိုးအန်ဒွိုင်ဆောင် သတင်းစာတွင် ဖော်ပြသည်။

 

စက်ရုံများ၊ ကုမ္ပဏီစားဖိုဆောင်များ၊ ကျောင်းစားသောက်ဆိုင်များနှင့် စာသင်ကျောင်းများအနီးရှိ စားသောက် ဆိုင်များမှ အစားအသောက်များကြောင့် မကြာသေးမီက အစုလိုက် အပြုံလိုက် အဆိပ်သင့်မှု ဖြစ်ပွားခြင်းများ တိုးလာနေကြောင်း ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဒိုရွှမ်တုရန်က ပြောကြားသည်။

 

အဏုဇီဝ ပိုးမွှားများနှင့် သဘာဝအဆိပ်များသည် အစာအဆိပ်သင့်ခြင်း၏ အဓိကအကြောင်းရင်းများ ဖြစ်ပြီး သဘာဝအဆိပ်နှင့် အရက်အဆိပ်သင့်ခြင်းသည် လူများထိခိုက်သေဆုံးစေသည့် အဓိကအကြောင်းရင်း ဖြစ်ကြောင်း ဝန်ကြီးဌာန၏ ဆန်းစစ်ချက်အရ သိရသည်။

 

ဆင်ဟွာ