ကချင်ပြည်နယ်၊ ပူတာအိုခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် တိုင်းရင်းဆေးဦးစီးဌာနတို့ ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲနှင့် တိုင်းရင်းဆေးဖြင့် ဆေးကုသမှုများကို ယနေ့ နံနက် ၁၀ နာရီက ပူတာအိုမြို့ အမျိုးသမီးအိမ်တွင်းမှု သင်တန်းကျောင်းခန်းမ၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်တိုင်းရင်းဆေးဦးစီးဌာန လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်ခိုင်မျိုးဦးက အမျိုးသမီးများ ကျန်းမာရေးဆိုင်ရာ သိကောင်းစရာများကိုလည်းကောင်း၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်စန်းယုမော်က မိမိဌာန၏ လုပ်ဆောင်နေသော ဝန်ဆောင်မှုများနှင့် ခရိုင်ပြည်သူ့ စာကြည့်တိုက်တွင် စာအုပ်မျိုးစုံ ရသစုံဖတ်ရှု လေ့လာနိုင်ကြောင်း၊ စာဖတ်ခြင်းအားဖြင့် မိမိဘဝတိုး တက်လာမည်ဖြစ်ကြောင်း အသိပညာပေးဟောပြောသည်။
ထို့နောက် အမျိုးသမီးအိမ်တွင်းမှု သင်တန်းကျောင်း ဆရာမများနှင့် သင်တန်းသူများကို တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေး စစ်ဆေးပေးခြင်း၊ ဆေးကုသပေးခြင်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်(ပူတာအို)