ဘိုဂိုတာ အောက်တိုဘာ ၂၂
COP16 ဟု လူသိများသော (၁၆) ကြိမ်မြောက် ဇီဝမျိုးစုံမျိုးကွဲများဆိုင်ရာ ကွန်ဗင်းရှင်း (16th Conven-tion of the Parties to Convention) ကို ကိုလံဘီယာနိုင်ငံ အနောက်တောင်ပိုင်း ကာလီမြို့၌ အောက်တိုဘာ ၂၁ ရက်တွင် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါညီလာခံသို့ နိုင်ငံပေါင်း ၁၉၀ မှ ကိုယ်စားလှယ်များ တက်ရောက်ကြပြီး ၂၀၃၀ ပြည့်နှစ်တွင် ကမ္ဘာမြေနှင့် ပင်လယ်ပြင်၏ အနည်းဆုံး ၃၀ ရာခိုင်နှုန်းကို ထိန်းသိမ်း စောင့်ရှောက်ရေး ရည်မှန်းချက်ဆိုင်ရာ တိုးတက်မှု များကို ဆွေးနွေးခဲ့ကြောင်း သိရ သည်။
ထို့ပြင် ၂၀၂၂ ခုနှစ်တွင် ကနေဒါ နိုင်ငံ၌ အတည်ပြုခဲ့သည့် ကူမင်း-မွန်ထရီရယ် ကမ္ဘာလုံးဆိုင်ရာ ဇီဝမျိုးစုံ မျိုးကွဲမူဘောင်တွင် ချမှတ်ထားသည့် ရည်မှန်းချက်များ အကောင်အထည်ဖော်ဆောင် ရာတွင် ရရှိခဲ့သည့် တိုးတက်မှုများအပေါ် ကိုယ်စားလှယ်များက ဆွေးနွေးခဲ့သည်။
ထို့နောက် ၂၀၃၀ ပြည့်နှစ်တွင် ကမ္ဘာမြေနှင့် ပင်လယ်ပြင်၏ အနည်းဆုံး ၃၀ ရာခိုင်နှုန်းကို ထိန်းသိမ်းစောင့်ရှောက်ရေးဆိုင်ရာ ရည်မှန်းချက်ပြည့်မီရန်အတွက် ဆက်လက်အကောင်အထည် ဖော် ဆောင်ရွက်သွားမည့်ကိစ္စရပ်များနှင့်ပတ်သက်ပြီး ဆွေးနွေးခဲ့သည်။
ဆက်လက်၍ မျိုးရိုးဗီဇအရင်းအမြစ်များကို အသုံးပြုခြင်းမှ တီထွင်ထုတ်လုပ်ထားသော ဆေးဝါး များ၏ အကျိုးကျေးဇူးများကို ညီညွတ်မျှတစွာ မျှဝေနိုင်စေမည့် နည်းလမ်းများကိုလည်း ကိုယ်စားလှယ်များက ဆွေးနွေးခဲ့သည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-အောင်ကျော်ကျော်