ကျုံပျော် ၆ မတ် 


ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့်ကလေး ကျန်းမာရေးဌာန၌ ယနေ့ နံနက်က ရပ်ကွက်နှင့် ကျေးရွာများမှ ကလေးငယ်များအား လစဉ်ပုံမှန်ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။


ထိုသို့ကာကွယ်ဆေးထိုးရာတွင် မွေးကင်းစမှ အသက်တစ်နှစ်ခွဲထိ ကလေးငယ်များအား အသက်အရွယ်အလိုက် လစဉ်ဗုဒ္ဓဟူးနေ့တို့တွင် ဘီစီဂျီ ၊ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ ဘီ၊ ဦးနှောက် အမှေးရောင်၊ ငါးမျိုးစပ်ကာကွယ်ဆေး၊ ပြင်းထန်အဆုပ်ရောင်(ပီစီဗွီ) ဝက်သက်နှင့် ဂျိုက်သိုးရောဂါ ကာကွယ်ဆေးကိုးမျိုးကို ထိုးနှံပေးပြီး ပိုလီယိုအကြောသေရောဂါကာကွယ်ဆေးကိုလည်း တိုက်ကျွေးခဲ့သည်။


ထို့အပြင် ကိုယ်ဝန်ဆောင်မိခင်များကိုလည်း လစဉ် မေးခိုင်၊ ဆုံဆို့၊ ကာကွယ်ဆေးများ ထိုးနှံပေးပြီး ဆောင်ရန်၊ ရှောင်ရန်အချက်များ ကျန်းမာရေးနှင့်ပတ်သက်သည်များကို အသိပညာပေးကြကြောင်း၊ ကျေးလက်ကျန်းမာ ရေးဌာနနှင့် ဌာနခွဲများတွင်လည်း လစဉ်ပုံမှန်ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။


နေဝင်းမြင့်(ပြန်/ဆက်)

 

1