၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် အရည်အသွေးစစ်မှန်ကောင်းမွန်၍ ကျန်းမာရေးအတွက်ဘေး အန္တရာယ်ကင်းရှင်းသော အလှကုန်ပစ္စည်းများကို အများပြည်သူတို့သုံးစွဲနိုင်ရန် ကြီးကြပ်ကွပ်ကဲခြင်းကို ဆောင်ရွက်လျက်ရှိပါသည်။


၂။ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနသည် ဈေးကွက်တွင်ရောင်းချနေသည့်  အလှကုန်ပစ္စည်းများကို စစ်ဆေးခဲ့ရာ ပူးတွဲဖော်ပြပါ အလှကုန်ပစ္စည်း(၇)မျိုးသည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၌ မှတ်တမ်း တင်ထားခြင်း မရှိသည့်အပြင် ကျန်းမာရေးအတွက် ဘေးအန္တရာယ်ဖြစ်စေနိုင်သော တားမြစ်ဓါတုပစ္စည်းများ ပါဝင်နေကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် အများပြည်သူလူထု သုံးစွဲရန်မသင့်တော်ပါကြောင်း အသိပေးနှိုးဆော်အပ်ပါသည်။

 

1

 

http://www.mdn.gov.mm/sites/default/files/inline-images/20190308-beauty-2.JPG

 

http://www.mdn.gov.mm/sites/default/files/inline-images/20190308-beauty-3.JPG


၃။ တားမြစ်ဓါတုပစ္စည်းများသည် အရေပြားယားယံခြင်း၊ ရောင်ရမ်းခြင်း၊ အဖြူအနီကွက်များဖြစ်ခြင်း အပြင် Mercury သည် အရေပြားမှတဆင့် ခန္ဓာကိုယ်အတွင်းသို့စုပ်ယူ၍ ထုံကျင်ခြင်း၊ ကြွက်သားတုန်ခါခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ခေါင်းကိုက်ခြင်းနှင့် စိတ်ကျရောဂါများအပြင် ရေရှည်သုံးစွဲပါက ကျောက်ကပ်ပျက်စီးခြင်းနှင့် အခြားရောဂါများဖြစ်ပွား နိုင်ပါသည်။ Topical steroid (Triamcinolone)သည် အရေပြားပါးလွှာခြင်း၊ ဆဲလ်ရောင်ရမ်းခြင်း၊ အရေပြားပါးလွှာ၍ ပိုးဝင်နိုင်ခြင်း၊ အရေပြားဖြူဖျော့လာခြင်း တို့အပြင် ‌ရေရှည်သုံးစွဲပါက ခန္ဓာကိုယ် တစ်ခုလုံးနှင်‌့ဆိုင်သော ဆိုးကျိုးအနေဖြင့်  မျက်စိအတွင်းတိမ်ခြင်း၊ မျက်နှာဖောရောင်ခြင်း၊ ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ ကလေးကြီးထွားမှု ဟန့်တားခြင်း၊ အရိုးပွရောဂါနှင့် ကျောက်ကပ်ရောင်ရောဂါများ ဖြစ်ပွားနိုင်ပါသည်။ RhodamineB အရောင်ဆိုးဆေးသည် အဝတ်အထည် များ အရောင်ဆိုးရာတွင် အသုံးပြုသော ဓါတုပစ္စည်းဖြစ်၍ ရေရှည်သုံးစွဲပါက နှုတ်ခမ်းကင်ဆာ၊ အစာအိမ်အူလမ်း ကြောင်းကင်ဆာနှင့် ကျောက်ကပ်ရောဂါများ ဖြစ်ပွားနိုင်ပါသည်။


၄။ အလှကုန်ပစ္စည်း တင်သွင်း၊ ဖြန့်ဖြူး၊ ရောင်းချသည့်ကုမ္ပဏီနှင့် လက်လီလက်ကားဆိုင်များသည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတွင် မှတ်တမ်းတင်ထားခြင်းမရှိသော အများပြည်သူသုံးစွဲရန် မသင့်ကြောင်း ကြေညာထားသည့် အလှကုန်ပစ္စည်းများ တင်သွင်း၊ ဖြန့်ဖြူး၊ ရောင်းချခြင်းများကို ကျင့်ဝတ်(Ethic)အရ လုံးဝမပြုလုပ်ရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းက ပြည်သူ့ကျန်းမာရေးဆိုင်ရာ ဥပဒေပုဒ်မ ၃၊ အပိုဒ် (၃)(ဃ) အရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။   

       
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန