ဖားကန့် ၉ မတ်
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မမုံကျေးရွာ ဘုန်းကြီးကျောင်း ဣစ္ဆာသယဓမ္မာရုံ၌ မြစ်ကြီးနားဆေးရုံအုပ်ကြီး ဒေါက်တာဘုန်းမော် ဦးဆောင်သည့် ပြည်နယ်တွင်း ဆရာဝန်နှင့် သူနာပြု စုစုပေါင်း(၁၆)ဦးတို့သည် ဒေသတွင်းရွှေ့ပြောင်းအလုပ်သမားများ၊ ပြည်သူများအတွက် နယ်လှည့်ကျန်းမာရေးစောင့်ရှောက်မှုများကို မတ်လ(၈)ရက်နေ့က ဆောင်ရွက်ပေးခဲ့သည်။
ကျန်းမာရေးစောင့်ရှောက်မှုအစီအစဉ်တွင် ကလေးအထူးကုသခြင်း၊ သားဖွားနှင့်မီးယပ်၊ သွား၊ မျက်စိကုသခြင်းနှင့် မျက်မှန်ပြုလုပ်ပေးခြင်း၊ နား၊ နှာခေါင်း လည်ချောင်း၊ အရိုးအထူးကု၊ ခွဲစိတ်ကုသခြင်းနှင့် အထွေထွေကုသခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါကျန်းမာရေးစောင့်ရှောက်မှုအား ဒေသတွင်း ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းအဖွဲ့များ၊ စုပေါင်းပါဝင် အားဖြည့်ကူညီဆောင်ရွက်ပေးကြကြောင်း မြို့နယ်ပြန်/ဆက်မှ သိရသည်။
MDN
