နေပြည်တော်၊    ဖေဖော်ဝါရီ   ၂၅

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားအနေဖြင့် အများပြည်သူလူထုရထားဖြင့် ခရီးသွားလာမှု အဆင်ပြေချောမွေ့စေရေးအတွက် ရထားလမ်းပိုင်းများတွင် လူစီးရထားခရီးစဉ်များကို စီစဉ်ပြေးဆွဲပေးလျက်ရှိရာ ရန်ကုန်-နေပြည်တော်ခရီးစဉ် အမှတ် () အဆန်ရထားနှင့် နေပြည်တော်-ရန်ကုန်ခရီးစဉ် အမှတ်()အစုန် လူစီးရထားများအား ဂျပန်နိုင်ငံမှ ဝယ်ယူ ရောက်ရှိလာသည့် လေအေးပေးစက်ပါရှိသော ခေတ်မီ DEMU ရထား တွဲဆိုင်းသစ်များဖြင့်လည်းကောင်း၊ မန္တလေး-နေပြည်တော် ခရီးစဉ် အမှတ်(၂၈)အစုန်နှင့် နေပြည်တော်-မန္တလေးခရီးစဉ် အမှတ် (၂၇) အဆန် လူစီးရထားများအား  လေအိတ်ရထား တွဲဆိုင်း ဖြင့်လည်းကောင်း ဖေဖော်ဝါရီ ၂၈ ရက်မှစတင်ကာ ချိတ်ဆက်ပြေးဆွဲပေးသွားမည် ဖြစ်သည်။

 

အမှတ် () အဆန် လေအေးပေးစက်ပါရှိသော ခေတ်မီ DEMU ရထားသည် နံနက် နာရီတွင် ရန်ကုန် ဘူတာမှ စတင်ထွက်ခွာရာ နံနက် ၁၁ နာရီခွဲတွင် နေပြည်တော် ဘူတာသို့ ဆိုက်ရောက်မည်ဖြစ်ပြီး အမှတ် (၂၇) အဆန် လေအိတ်ရထားသည် မွန်းလွဲ ၁၂ နာရီတွင် နေပြည်တော်ဘူတာမှစတင်ထွက်ခွာ၍ မန္တလေး ဘူတာသို့ ညနေ နာရီတွင် ဆိုက်ရောက် မည်ဖြစ်သည်။

 

ထို့အတူ အမှတ် (၂၈)အစုန် လေအိတ်ရထားသည် နံနက် နာရီတွင် မန္တလေးဘူတာမှ စတင် ထွက်ခွာပြီး နံနက် ၁၁ နာရီတွင် နေပြည်တော်ဘူတာသို့ ဆိုက်ရောက်ဖြစ်ကာ အမှတ်()အစုန် လေအေးပေးစက်ပါ ရှိသော ခေတ်မီ DEMU ရထားသည် မွန်းလွဲ ၁၂ နာရီတွင် နေပြည်တော် ဘူတာမှ စတင်ထွက်ခွာ၍ ညနေ နာရီခွဲတွင် ရန်ကုန်ဘူတာသို့ ဆိုက်ရောက်မည်ဖြစ်သည်။

 

အဆင့်မြှင့်တင်ပြီးဖြစ်သည့် ရန်ကုန်-နေပြည်တော် ရထားလမ်းပိုင်း၌ စတင်ပြေးဆွဲမည့် လေအေးပေးစက် ပါရှိသော ခေတ်မီ DEMU ရထားတွင် ပထမတန်း ()တွဲ၊ အထက်တန်း () တွဲ၊ စုစုပေါင်း တွဲဆိုင်း ()တွဲဖြင့် ခရီးသည် ၃၁၂ ဦး လိုက်ပါ စီးနင်းနိုင်မည်ဖြစ်ပြီး နေပြည်တော်-မန္တလေး ပြေးဆွဲမည့် လေအိတ်ရထား ခရီးစဉ်အတွက် ရိုးရိုးတန်း ()တွဲ၊ အထက်တန်း ()တွဲ၊ စုစုပေါင်း တွဲဆိုင်း ()တွဲဖြင့် ခရီးသည် ၃၃၀  လိုက်ပါ စီးနင်းနိုင်မည် ဖြစ်သည်။

 

လက်မှတ်ခ နှုန်းထားအနေဖြင့် ရန်ကုန်-နေပြည်တော်၊ နေပြည်တော်-ရန်ကုန် ခရီးစဉ် အတွက် အမှတ် ()အဆန်/ ()အစုန် လေအေးပေးစက်ပါရှိသော ခေတ်မီ DEMU ရထားတွင် ပထမတန်း ကျပ် (၁၉၀၀၀) အထက်တန်းကျပ် (၂၈၀၀၀)နှင့် မန္တလေး-နေပြည် တော်၊ နေပြည်တော်-မန္တလေး ခရီးစဉ်အတွက် အမှတ်(၂၇)အဆန်/ (၂၈)အစုန် လေအိတ် ရထားတွင် ရိုးရိုးတန်းကျပ် (၇၀၀၀) အထက်တန်းကျပ် (၁၁၀၀၀) ဖြစ်ကြောင်း သိရှိရသည်။

 

ခရီးသည်များအနေဖြင့် ရန်ကုန်-မန္တလေးနှင့် မန္တလေး-ရန်ကုန် ခရီးစဉ် အစအဆုံး လက်မှတ်ဝယ်ယူနိုင်ပြီး ပထမတန်း/ရိုးရိုးတန်းကျပ် (၂၆၀၀၀) အထက်တန်းကျပ် (၃၉၀၀၀) ဖြစ်ကာ လက်မှတ်များကို သုံးရက် ကြိုတင်ရောင်းချပေးသွားမည် ဖြစ်သည်။

 

ခရီးသည်များအနေဖြင့် အဆိုပါ လေအေးပေးစက်ပါရှိသော ခေတ်မီ DEMU ရထားနှင့် လေအိတ်ရထား များအား နေပြည်တော်ဘူတာတွင် ပြောင်းလဲလိုက်ပါစီးနင်းနိုင်မည်ဖြစ်ပြီး ရန်ကုန်-မန္တလေးခရီးစဉ် တစ်လျှောက် ပဲခူး၊ ဖြူး၊ တောင်ငူ၊ နေပြည်တော်၊ သာစည်ဘူတာတို့၌ ရပ်တန့်ပေးသွားမည်ဖြစ်ကာ ခရီးစဉ် အစအဆုံး ဘူတာများတွင် ရပ်တန့်ချိန် အပါအဝင် ပြေးဆွဲချိန် ၁၁ နာရီသာကြာမြင့်မည်ဖြစ်ပြီး ရန်ကုန်-နေပြည်တော်-ရန်ကုန်လမ်းပိုင်းတွင် လေအေးပေးစက်ပါရှိသော ခေတ်မီ DEMU ရထားပြေးဆွဲချိန်သည် နာရီခွဲ ကြာမြင့်မည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။

(သတင်းစဉ်)