နေပြည်တော် မတ် ၁၉

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

မတ် ၁၇ ရက်တွင် ကရင်ပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဘားအံမြို့နယ်၊ ဘားအံစက်မှုဇုန်အနီး၌ မော်တော်ယာဉ် (၂၈)စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက် အထားတင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း(၅၀)၊ လူသုံးကုန်ပစ္စည်း(၁၂)မျိုး၊ စားသောက်ကုန်ပစ္စည်း (၃)မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၇၂၇,၃၆၄,၆၀၀)နှင့် အဆိုပါ ပစ္စည်းများ တင်ဆောင်လာသည့် Hino Truck (၁)စီး၊ Nissan Diesel Tractor Head (၇)စီး၊ Chenglong Tractor Head (၆)စီး၊ Mitsubishi Fuso Tractor Head (၃)စီး၊ Howo Sinotruk Tractor Head (၂)စီး၊ Dong Feng Tractor Head (၁)စီး၊ Man Tractor Head (၁)စီး၊ Hino Tractor Head (၁)စီး၊ Samsung Tractor Head (၁)စီး၊ Scania Tractor Head (၁)စီး၊ Hyundai Tractor Head (၁)စီး၊ Young Man Tractor Head (၁)စီး၊ Foton Auman Tractor Head (၁)စီး၊ Hino Profia Tractor Head(၁)စီးနှင့် နောက်တွဲယာဉ်(၂၇)တွဲ (ခန့်မှန်း တန်ဖိုး ငွေကျပ် ၂,၆၁၅,၀၀၀,၀၀၀) စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၃၄၂,၃၆၄,၆၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အပြင် မတ် ၁၇ ရက်နှင့် ၁၈ ရက်တို့တွင် ရှမ်းပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တောင်ကြီးမြို့အထွက် (၄)မိုင်ပူးပေါင်းစစ်ဆေးရေးဂိတ်၌ မော်တော်ယာဉ်(၂) စီးပေါ်မှ တရားဝင် စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန် ပစ္စည်း (၉)မျိုး၊ လူသုံးကုန်ပစ္စည်း (၃)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄,၀၂၉,၉၀၀)နှင့် အဆိုပါ ပစ္စည်းများ တင်ဆောင်လာသည့် Toyota Hiace Delivery Van (၁)စီး၊ Toyota Alphard (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၈,၀၀၀,၀၀၀) ကိုလည်းကောင်း၊ ကျိုင်းတုံမြို့၊ မြို့ရှောင်လမ်း၊ ကျိုင်းဖောင်းကျေးရွာအနီး လမ်းဘေးတစ်နေရာ၌ စုပုံထားသော အကောက်ခွန်မဲ့ လုပ်ငန်းသုံး ပစ္စည်း (၁)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃,၅၀၀,၀၀၀)ကို လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၅,၅၂၉,၉၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်း များနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် မတ် ၁၈ ရက်တွင် မကွေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မကွေးမြို့နယ် ကန်းရင်ကျေးရွာအနီး၌ မော်တော်ယာဉ် (၂)စီးပေါ်မှ တရားမဝင် ကျွန်းသစ် (၁၇ ဒသမ ၁၇၈)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅,၁၁၆,၈၁၆)နှင့် အဆိုပါသစ်များ တင်ဆောင် လာသည့် Surf မော်တော်ယာဉ် (၁)စီး၊ Hino Truck မော်တော်ယာဉ် (၁)စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၇၂,၉၀၀,၀၀၀)ကို သစ်တော ဥပဒေအရလည်းကောင်း၊ မကွေးခရိုင်၊ မင်းဘူးခရိုင်နှင့် သရက်ခရိုင်တို့အတွင်း၌ လိုင်စင်မဲ့မော်တော်ယာဉ် (၂)စီးနှင့် လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် (၅)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄,၀၀၀,၀၀၀)ကို ပို့ကုန်သွင်းကုန်ဥပဒေအရလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၂,၀၁၆,၈၁၆)ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။

ယင်းအပြင် မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မြစ်ငယ်စစ် ဆေးရေးဂိတ်၌ ရန်ကုန်မြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်(၁)စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း (၁၀)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၉,၆၅၂,၂၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Fuso Truck (၁)စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၃၀,၀၀၀,၀၀၀)ကိုလည်းကောင်း၊ ရတနာပုံတံတား(မန္တလေး) စစ်ဆေးရေးဂိတ်၌ မန္တလေးမြို့မှ ကလေးမြို့သို့ သွားရောက်မည့် မော်တော်ယာဉ်(၁)စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် စားသောက်ကုန်ပစ္စည်း(၁)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၇၅,၀၀၀,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Golden Dragon Express Bus (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၀,၀၀၀,၀၀၀)ကိုလည်းကောင်း၊ ပလိပ်မြို့၊ Denko ဆီဆိုင်အနီး၌ မော်တော်ယာဉ် (၂)စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်း(၆)မျိုး၊ လုပ်ငန်းသုံးပစ္စည်း (၁)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀,၁၀၁,၀၀၀) နှင့် အဆိုပါ ပစ္စည်းများ တင်ဆောင်လာသည့် Volvo Bus (၁)စီး၊ Nissan Condor Truck (၁)စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၉၈,၀၀၀,၀၀၀)ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၀၂,၇၅၃,၂၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့အတူ ဧရာဝတီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြန်အောင်ခရိုင်နှင့် ပုသိမ်ခရိုင်တို့ အတွင်း၌ တရားမဝင် သစ်မာ (၁၀ ဒသမ ၃၉၃)တန်၊ အခြားသစ် (၄၃ ဒသမ ၀၅၄) တန် စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁,၀၉၂,၃၈၄)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့် အညီ အရေးယူ‌ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ The Myanmar Terminal ဆိပ်ကမ်း၌  ကုန်သေတ္တာ (၂)လုံးအတွင်းမှ တရားဝင် စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် လူသုံးကုန်ပစ္စည်း (၄)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၂,၆၄၂,၀၀၀) ကိုလည်းကောင်း၊ အေးရှားဝေါလ် ဆိပ်ကမ်း၌ ကုန်သေတ္တာ (၁)လုံးအတွင်းမှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် လူသုံးကုန်ပစ္စည်း(၁)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၆,၇၉၈,၀၁၆) ကိုလည်းကောင်း၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ တရုတ်နိုင်ငံ ကူမင်းမြို့မှ မြန်မာနိုင်ငံသို့ လေယာဉ်ခရီး စဉ်အမှတ် MU-9641/SF-2560 ဖြင့် လိုက်ပါလာသော တရုတ်နိုင်ငံသားခရီးသည် (၂)ဦး၏ ဝန်စည်များအတွင်းမှ လုပ်ငန်းသုံးပစ္စည်း (၄)မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၆,၀၂၀,၀၀၀)ကို လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၇၅,၄၆၀,၀၁၆)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

မတ် ၁၇ ရက်နှင့် ၁၈ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၉၂)မှု၊ (ခန့်မှန်း တန်ဖိုးငွေကျပ် ၄,၂၈၉,၂၁၆,၉၁၆)ကို ဖမ်းဆီးရမိခဲ့သည်။ နိုင်ငံတော်၏ စီးပွားရေးဦးတည်ချက် များနှင့်အညီ ကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင် တရားမဝင် ကုန်သွယ်မှု များသည် အဓိကအဟန့်အတား ဖြစ်ပေါ်စေပြီး လူမှုစီးပွားရေးကဏ္ဍအပေါ် များစွာဆိုးကျိုး သက်ရောက်ခြင်းများကြောင့် သက်ဆိုင်ရာတာဝန်ရှိသူများမှ ယခုထက်ပိုမို တားဆီး စစ်ဆေးကြပ်မတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သတင်းရရှိသည်။

သတင်းစဉ်