ဒစ်အဘာဘာ ၁၁ မတ်
ခရီးသည် ၁၅၇ ဦးကို တင်ဆောင်လာသည့် လေယာဉ်တစ်စင်း ကင်ညာ နိုင်ငံ နိုင်ရိုဘီမြို့သို့သွားရာ လမ်းပေါ် တွင် ပျက်ကျမှု ဖြစ်ပွားခဲ့ကြောင်း အီသီယိုပီးယား လေကြောင်းလိုင်း အုပ်စုက မတ် ၁၀ ရက်တွင် အတည်ပြုခဲ့သည်။
Boeing 737-800 MAX လေယာဉ်သည် ဒေသစံတော်ချိန် နံနက်၈ နာရီခွဲတွင် အဒစ်အဘာဘာ ဘိုးလ်နိုင်ငံတကာလေဆိပ်မှ ထွက်ခွာလာ ခဲ့ပြီးနောက် နံနက် ၈ နာရီ ၄၄ မိနစ်တွင်အဆက်အသွယ်ပြတ် တောက်သွား ခဲ့ကြောင်း လေကြောင်းလိုင်းက ဖော်ပြ ခဲ့သည်။ လေယာဉ်ပေါ်၌ ခရီးသည် ၁၄၉ ဦးနှင့် လေယာဉ်အမှုထမ်း ရှစ်ဦး လိုက်ပါလာကြောင်း သိရသည်။ လတ်တလောတွင် သေဆုံးသူအရေ အတွက်နှင့်ပတ်သက်၍ လေကြောင်းလိုင်းနှင့်အီသီယိုပီးယား အာဏာပိုင်များက ဖော်ပြခြင်းမရှိသေးပေ။
လတ်တလော ရှာဖွေရေးနှင့်ကယ်ဆယ်ရေးကို အဆက်မပြတ်ဆောင်ရွက်နေကြောင်းနှင့် အသက်ရှင်လွတ်မြောက်သူ မည်မျှရှိကြောင်းကို အတည်မပြုရသေးကြောင်း လေကြောင်းလိုင်းက ပြောကြားခဲ့သည်။
လေယာဉ်ပေါ် လိုက်ပါလာ သူများ၏ မိသားစုနှင့် မိတ်ဆွေများ သို့ဆက်သွယ်ခေါ်ဆိုရန် တယ်လီဖုန်း နံပါတ်များကို လေကြောင်းလိုင်းက ထုတ်ပြန်ခဲ့သည်။
လေယာဉ်ပေါ်တွင် လိုက်ပါလာ ကြသည့် ခရီးသည်များ၏ မိသားစုဝင်များအနေဖြင့် ၄င်းတို့ ချစ်ခင်ရသူများကို ဆုံးရှုံးလိုက်ရသည့်အတွက် အလွန်ဝမ်းနည်းကြေကွဲကြောင်း အီသီယိုပီး ယားဝန်ကြီးချုပ်ရုံးက ဖော်ပြခဲ့ကြောင်း သိရသည်။ ဆင်ဟွာ