နေပြည်တော် မေ ၂၅

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ဇနီး ဒေါ်ကြူကြူလှ၊ ကောင်စီတွဲဖက် အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ဇနီး၊ ခရီးစဉ်တွင်လိုက်ပါလာသည့်အဖွဲ့ ဝင်များနှင့်ဇနီးများ၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူတို့လိုက်ပါ၍ ရှမ်းပြည်နယ် (အရှေ့ပိုင်း) လွိုင်မွေဒေသဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေများကို သွားရောက် ကြည့်ရှုစစ်ဆေးသည်။

 

စနစ်တကျတွက်ချက်ဆောင်ရွက်

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့်အဖွဲ့ဝင်များသည် ဆောက်လုပ်ရေး ဝန်ကြီးဌာန လမ်းဦးစီးဌာန ရှမ်းပြည်နယ် (အရှေ့ပိုင်း) မှတာဝန်ယူဆောင်ရွက်လျက် ရှိသည့် ကျိုင်းတုံ - လွိုင်မွေလမ်း လမ်းအဆင့်မြှင့်တင်ခြင်း စီမံကိန်းသို့ ရောက်ရှိကြသည်။ ထို့နောက် စီမံကိန်း ရှင်းလင်းဆောင်၌ တာဝန်ရှိသူများက စီမံကိန်းဆိုင်ရာ အချက်အလက်များ၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း လွိုင်မွေဒေသသို့ ရောက်ရှိစဉ် ခရီးစဉ်လမ်းညွှန်ချက်များအား လိုက်နာဆောင်ရွက်ပြီးစီးမှု၊ ဘဏ္ဍာရေး နှစ်အလိုက် လုပ်ငန်းဆောင်ရွက်ခဲ့မှု နှင့် ဆက်လက်ဆောင်ရွက်သွားမည့်စီမံ ကိန်းလုပ်ငန်းလျာထားမှု တို့နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က ကျိုင်းတုံ - လွိုင်မွေ လမ်းအဆင့်မြှင့်တင်ရာ၌ လမ်းကြောင်း ရေရှည်တည်တံ့ ကောင်းမွန်မှု ရှိစေရေး စနစ်တကျ တွက်ချက်ဆောင်ရွက်သွားရန်နှင့် အခြားလိုအပ်သည်များကို မှာကြားသည်။

 

ကုန်းမြင့်လယ်ယာစနစ်ဖော်ဆောင်

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် လွိုင်မွေကန်သို့ ရောက်ရှိကြပြီး လွိုင်မွေဒေသရေရရှိရေးအတွက် ဆိုလာရေတင်စနစ်ဖြင့် ဆောင်ရွက် ထားရှိမှုနှင့် စိမ့်စမ်းရေ သွယ်တန်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်း ဆောင်ရွက်လျက်ရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။ ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ကျိုင်းတုံဒေသနှင့် လွိုင်မွေဒေသတို့တွင် ရေလုံလောက်စွာ ရရှိရေးဆောင်ရွက်သွား ရန်လိုကြောင်း၊ ရေဝေရေလဲ ဧရိယာများ အတွင်းရှိ သစ်တောသစ်ပင်များအား ခုတ်ထွင်ခြင်းမပြုဘဲ စနစ်တကျဖြင့် ထိန်းသိမ်းဆောင်ရွက် သွားရန်လိုကြောင်း၊ တောင်ယာခုတ်ထွင်ခြင်းသည်လည်း သစ်တောသစ်ပင် များကို ဆုံးရှုံးစေ နိုင်သည့်အတွက် ကုန်းမြင့်လယ်ယာစနစ်ကို ဖော်ဆောင်ပေးရန်လိုကြောင်း၊ စိမ့်စမ်းရေ သွယ်တန်းခြင်းလုပ်ငန်း ဆောင်ရွက်ရန်အတွက် သက်ဆိုင်ရာ ပညာရှင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူ များမှ ကွင်းဆင်းစစ်ဆေးဆောင်ရွက်သွား ရန်လိုကြောင်း မှာကြားသည်။

 

၁၀၇ နှစ် သက်တမ်းရှိ

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် လွိုင်မွေမြို့ ၁၀၇ နှစ် သက်တမ်းရှိ တိုက်နယ်ပြည်သူ့ဆေး ရုံသို့ရောက်ရှိကြရာ ဆေးရုံအုပ်ကြီး ဒေါက်တာ သန္တာဝင်းနှင့် တာဝန်ရှိသူများ က ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဆေးရုံအတွင်းလှည့်လည် ကြည့်ရှု၍ ဆေးရုံအား အဆင့်မြှင့်တင် ဆောင်ရွက် ပေးသွားမည့် အခြေအနေများနှင့်ပတ်သက်၍ တာဝန်ရှိသူများကို မှာကြားသည်။

 

ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် သမိုင်းဝင် နှစ် ၁၀၀ စံအိမ်သို့ရောက်ရှိကြပြီး စံအိမ်အတွင်း ခင်းကျင်းပြသထားသည့် လွိုင်မွေမြို့ သမိုင်းနှင့် အထင်ကရနေရာများ မှတ်တမ်းဓာတ်ပုံများကို ကြည့်ရှုကြသည်။ ထို့နောက် စံအိမ်ကြီးရေရှည် တည်တံ့ခိုင်မြဲရေးအတွက် ပြုပြင် ထိန်းသိမ်းထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် စံအိမ်အတွင်းရှိ အသုံးအဆောင်ပစ္စည်းများအား ပြုပြင် ထိန်းသိမ်းရာတွင် မူလလက်ရာမပျက် ပြန်လည်ပြင်ဆင်သွားရန်လိုကြောင်း၊ လိုအပ်သည့် အိမ်အသုံး အဆောင် ပရိဘောဂများကိုလည်း မူလလက်ရာများအတိုင်း ပြုလုပ်၍ ထည့်သွင်းခင်းကျင်း ထားရန် လိုကြောင်းနှင့် အခြားလိုအပ် သည်များကို မှာကြားသည်။

 

နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် လွိုင်မွေတောင်စခန်း မြို့ရှိ စတုရဋ္ဌသုမင်္ဂလစေတီတော်သို့ ရောက်ရှိကြပြီး စေတီတော်မြတ်အား ဖူးမြော်ကြည်ညိုကာ ဖူးမြော်ကြည်ညိုကာ ပန်း၊ ရေချမ်း၊ ဆီမီး ကပ်လှူပူဇော်သည်။ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့သည် စေတီတော်ဓမ္မာရုံ တော်အတွင်းရှိ ဗုဒ္ဓ ဗုဒ္ဓ ရုပ်ပွားတော်မြတ်အား ဖူးမြော်ကြည်ညိုသည်။

 

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့သည် တောင်တန်းသာသနာပြု ဆရာတော် ဘဒ္ဒန္တဝေပုလ္လအား ဖူးမြော် ကြည်ညိုကာ နဝကမ္မအလှူငွေများနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း သည်။ ထို့နောက် အဖွဲ့ဝင်များနှင့်အတူ စေတီတော်ကြီးအား လက်ယာရစ် လှည့်လည်ပူဇော်ကာ စေတီတော် ရေရှည် တည်တံ့ခိုင်မြဲရေးအတွက် ထိန်းသိမ်း ဆောင်ရွက်ရန် လိုအပ်သည်များနှင့် ပတ်သက်၍ တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သတင်း ရရှိသည်။

သတင်းစဉ်