နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် လွှတ်တော်အဆောက်အအုံများအား ပြန်လည်ပြုပြင်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများ သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြား

 

နေပြည်တော် မေ ၂၅

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကောင်စီအတွင်းရေးမှူး ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် အဖွဲ့ဝင်များလိုက်ပါ၍ ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံများတွင် မန္တလေးငလျင်ကြီးဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့မှုများကို ပြန်လည်ပြုပြင် ရေးလုပ်ငန်း ဆောင်ရွက်နေမှုများအား သွားရောက်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

 

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်သည် အမှတ် (၁) ဂိတ်အဝင် ကြိုးတံတားနှင့် မုခ်ဦး၊ ပြည်ထောင်စုလွှတ်တော် အဆောက်အအုံ၊ ပြည်သူ့ လွှတ်တော်အဆောက်အအုံ၊ ဇမ္ဗူ သီရိခန်းမဆောင်နှင့် အမျိုးသား လွှတ်တော် အဆောက်အအုံတို့ ထိခိုက်ပျက်စီးခဲ့ရမှု အခြေအနေ များအား လိုက်လံကြည့်ရှုစစ်ဆေးရာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်နှင့် တာဝန်ရှိသူများ က လိုက်လံရှင်းလင်းတင်ပြကြသည်။

 

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် လွှတ်တော်အဆောက်အအုံ များအား စနစ်တကျဖြင့် ဖြစ်နိုင်သမျှ အမြန်ဆုံးပြန်လည်ပြုပြင် တည်ဆောက်သွားရန်နှင့် ပြင်ဆင်ခြင်းလုပ်ငန်းများကို သတ်မှတ် ကာလအတွင်း အချိန်မီပြီးစီးအောင် ဆောင်ရွက်သွားရန် လိုကြောင်း၊ ရေရှည်ခိုင်ခံ့တည်တံ့စေရေးနှင့် ခိုင်ခိုင်မာမာ ဖြစ်စေရေးအတွက် နည်းပညာ ကျွမ်းကျင်သူများနှင့် ဆောက်လုပ်ရေး လုပ်ငန်းများ ဆောင်ရွက်သွားရန်နှင့် အရည်အသွေး ပြည့်မီသည့် ဆောက်လုပ် ရေးလုပ်ငန်းသုံးပစ္စည်းများအား အသုံးပြုသွားရန် လိုကြောင်းနှင့် အခြား လိုအပ်သည်များကို လမ်းညွှန် မှာကြားခဲ့ကြောင်း သတင်းရရှိ သည်။

သတင်းစဉ်