၁၁ မတ်


ဗင်နီဇွဲလားနိုင်ငံ အတိုက်ခံခေါင်းဆောင် စင်ပြိုင်သမ္မတ ဂွိုက်ဒို က ကြောက်စရာကောင်းတဲ့ အခြေအနေ အဖြစ်ကြေငြာဖို့ ပါလီမန်အမတ်တွေ တောင်းဆိုနေပါတယ်။ 

 

ေ

 

ပြီးခဲ့တဲ့ ကြာသပတေးနေ့ကစပြီး လျှပ်စစ်မီးမရရှိတော့တဲ့အတွက် ကျောက်ကပ်ရောဂါရှင် အနည်းဆုံး ၁၅ ဦး သေဆုံးခဲ့ကြောင်း၊ လျှပ်စစ်မီး မရှိတဲ့အတွက်ကြောင့် အရေးပေါ်အခြေအနေအတွက် ကုသရေးမှာ အခက်အခဲရှိသလို လူနာတွေအတွက် အစားစာတွေ ပုတ်သိုးရတာမျိုးတွေနဲ့ ရင်ဆိုင်နေရပါတယ်။ 

 

ိ

 

လျှပ်စစ်မီးမရှိတဲ့အတွက် လုပ်ငန်းတွေနဲ့ ကျောင်းတွေဟာ ဒီကနေ့အထိ ပိတ်ထားရတာကို တွေ့ရပါတယ်။ မြို့တော် ကာရာကတ်မြို့မှာတောင် လူအများသုံး သယ်ယူပို့ဆောင်ရေး မရှိတော့တဲ့အတွက် သွားလာရေးတွေမှာ အခက်အခဲနဲ့ ကြုံတွေ့နေကြရပါတယ်။ 

 

န

 

ဗင်နီဇွဲလားနိုင်ငံကို ပို့ဆောင်တဲ့ ကိုလံဘီယံ နဲ့ ဘရာဇီးနိုင်ငံတွေကနေ ပို့ဆောင်တဲ့ လူသာချင်းဆိုင်ရာ အကူအညီပစ္စည်း တန်ချိန် ၂၅၀ ကို တားမြစ်ဖို့အတွက် သမ္မတ မာဒူရိုက စစ်တပ်ကို အသုံးပြုခဲ့ပါတယ်။ 

 

န

 

အခုလို လျှပ်စစ်မီးမရရှိတာကတော့ နိုင်ငံရဲ့ လျှပ်စစ်မီး ၈၀ ရာခိုင်နှုန်းကို ထောက်ပံ့ပေးနေတဲ့ ဂူရီ ရေအားလျှပ်စစ်ဓါတ်အားပေးစက်ရုံကို လျှပ်စစ်သံလိုက် ဖြင့် တိုက်ခိုက်မှုကြောင့် လျှပ်စစ်မီးမရကြောင်း မာဒူရိုက ပြောပါတယ်။


MDN