ဖနောင်ပင်  ဇွန်  ၁

ကမ္ဘောဒီးယားနိုင်ငံ၏  အထင်ကရ အန်ကောဝပ်     ရှေးဟောင်းအမွေ အနှစ်  ဥယျာဉ်သည်  ၂ ၀၂၅   ခုနှစ်  ပထမငါးလတွင်    လက်မှတ်ရောင်းချမှုမှ  အမေရိကန်ဒေါ်လာ   ၂၄  ဒသမ ၅ သန်း ရရှိခဲ့ပြီး ယမန်နှစ် အလားတူ ကာလနှင့်   နှိုင်းယှဉ်ပါ က ၁၀ ဒသမ ၆ ရာခိုင်နှုန်း  တိုးလာသည်ဟု   ဇွန်  ၁  ရက်က ထုတ်ပြန်သည်။

ယူနက်စကိုစာရင်းဝင် အန်ကောဝပ်သည် ယခုနှစ် ဇန်နဝါရီမှ မေလအတွင်း  နိုင်ငံတကာ  ခရီး သွား   ၅၂၇၅၇၇   ဦး   ဝင်ရောက်ခဲ့ပြီး ယမန်နှစ် အလားတူကာလနှင့်  နှိုင်းယှဉ်ပါက  ၁၁ ဒသမ ၇ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း တရားဝင်ထုတ်ပြန်သည့်   အစီရင်ခံစာတွင် ဖော်ပြထားသည်။

ယခုနှစ် မေလတစ်လတည်းတွင်  ရှေးဟောင်းအမွေအနှစ် ဥယျာဉ်သို့  ပြည်ပခရီးသည် ၅၂၇၆၇ ဦးရောက်ရှိခဲ့ပြီး ဝင်ငွေ ဒေါ်လာ ၂ ဒသမ ၃၆ သန်းရရှိခဲ့ကာ ယမန်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ခရီးသည်ဝင်ရောက်မှုနှုန်း ၃  ဒသမ ၇  ရာခိုင်နှုန်းနှင့် ဝင်ငွေရရှိမှုနှုန်း ၃ ဒသမ ၁ ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း    သိရသည်။

ဆီရမ်ရိပ်ပြည်နယ်   အနောက်မြောက်ပိုင်းတွင်  တည်ရှိပြီး  ၄၀၁ စတုရန်းကီလိုမီတာ    ကျယ်ဝန်း သော     အန်ကောဝပ်ရှေးဟောင်း အမွေအနှစ်ဥယျာဉ်သည်  ၉ ရာစုမှ ၁၃  ရာစုအတွင်း တည်ဆောက်ခဲ့သည့် ရှေးဟောင်းဘုရားကျောင်း ၉၁ ခု စုစည်းရာနေရာတစ်ခုဖြစ်သည်။                            

ဆင်ဟွာ