ဒါကာ ဇွန် ၂၉
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ဇွန် ၂၈ ရက်က ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ နှစ်ဦး ထပ်တိုးလာရာ ယခုလအတွင်း ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ စုစုပေါင်း ၂၂ ဦးရှိလာပြီဖြစ်သည်။ ယခုနှစ်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ဇွန် ၅ ရက်မှစတင်ကာ ကိုဗစ်-၁၉ ကြောင့် သေဆုံးသူရှိလာခဲ့ပြီး ၎င်းမှာ ဒါကာမြို့တွင် နေထိုင်သူဖြစ်သည်။
ဇွန် ၂၈ ရက်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ နောက်ထပ် ကိုဗစ်-၁၉ ကူးစက်ခံရသူ ခုနစ်ဦးတွေ့ရှိခဲ့ပြီး နေ့စဉ်တွေ့ရှိမှုနှုန်းမှာ ၃ ဒသမ ၈၇ ရာခိုင်နှုန်း တိုးလာခြင်းဖြစ်သည်။ အိမ်နီးချင်းနိုင်ငံများတွင် ကိုဗစ်-၁၉ ကူးစက်မှုအသစ်များ များလာချိန် ပြည်သူများအနေဖြင့် မလိုအပ်ဘဲ ခရီးသွားလာခြင်း မှ ရှောင်ရှားရန် အစိုးရက တိုက်တွန်းထားသည်။
ရောဂါကူးစက်မှုကိုထိန်းချုပ်နိုင်ရေးအတွက် ဆိပ်ကမ်းများအားလုံးတွင် ကျန်းမာရေးဆိုင်ရာ စောင့်ကြည့်စစ်ဆေးမှုများပြုလုပ်ရန် သက်ဆိုင်ရာဌာနများကို အာဏာပိုင်များက ညွှန်ကြားထား သည်။
ဆင်ဟွာ