ရန်ကုန် ဇူလိုင် ၇

 

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်အနေဖြင့် ပို့ကုန်မှ ဦးဆောင်သော ဆန်စပါးကဏ္ဍ ဖွံ့ဖြိုးမှုကို အမျိုးသားပို့ကုန် မဟာဗျူဟာနှင့်အညီ ပုဂ္ဂလိကအပိုင်းရှိ ကုမ္ပဏီအဖွဲ့ အစည်းများ၏ ပူးပေါင်း ပါဝင်မှုဖြင့် ကြိုးပမ်းလျက်ရှိရာ ယခုနှစ် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် တန်ချိန် သုံးသန်း တင်ပို့ ရောင်းချနိုင်ရန် ကြိုးပမ်းဆောင်ရွက် လျက်ရှိသည်။

 

နိုင်ငံတကာ ဈေးကွက်အသီးသီးတွင် ဖြစ်ပေါ်ပြောင်းလဲနေသည့် Market Insights, Sustainability Drive, Best Practices and Global Trends p: ဆိုင်ရာ အတွေ့အကြုံများ မျှဝေပေးသည့် MRF Rice Export Exchange တွေ့ဆုံ ဆွေးနွေးပွဲကို လစဉ်ကျင်းပပြုလုပ်သွား ရန် အသင်းချုပ်၏ သုတေသနနှင့် ဖွံ့ဖြိုး တိုးတက်ရေးကော်မတီက စီစဉ်ဆောင်ရွက်လျက်ရှိသည်။

 

ဇူလိုင် ၅ ရက်တွင် ရန်ကုန်မြို့ Summit Parkview Hotel ၌ ပထမအကြိမ်ကျင်းပသည့် MRF Rice Export Exchange အစီအစဉ်သို့ အသင်းချုပ်ဥက္ကဋ္ဌနှင့် စီမံခန့်ခွဲရေး ကော်မတီဝင်များ၊ အသင်းဝင်ကုမ္ပဏီများ ပါဝင်တက်ရောက် ဆွေးနွေးခဲ့ကြသည်။

 

ပထမပိုင်း Keynote Session အဖြစ် နယ်သာလန်နိုင်ငံ အခြေစိုက် Control Union မှ Global Certification Stan-dards, Market Access Strategies, and Pathways for Myanmar Rice Expor-ters to align with International Sustainability Expectations Sustainable Rice Production ဆိုင်ရာ ရှင်းလင်းတင်ပြချက်ကို တက်ရောက် လာသူများက ပါဝင်ဆွေးနွေးကြသည်။

 

ဒုတိယပိုင်း အစီအစဉ်တွင် Solar Energy, Renewable Energy တို့ဖြင့် ဆန်စပါး ထုတ်လုပ်မှု စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေးကို ဆွေးနွေးခဲ့ကြပြီး အသင်းချုပ်နှင့် MoU ရေးထိုးထားသည့် Solar ကုမ္ပဏီများ၊ Solar system တပ်ဆင် အသုံးပြုမည့် ပို့ကုန်ကုမ္ပဏီများ၊ ဆန်စက်လုပ်ငန်းများမှ ၎င်းတို့ဆောင်ရွက်နေမှု များ၊ အတွေ့အကြုံများကို ရှင်းလင်းဆွေးနွေးကြသည်။

 

Solar လုပ်ငန်း နည်းပညာနှင့် လုပ်ငန်း အကောင်အထည်ဖော်ရာတွင် အကြံဉာဏ်ပေးနိုင်ရေးအတွက် Smart Power Myanmar နှင့် အသင်းချုပ်တို့အကြား Letter of Intent - Lol လက်မှတ်ရေးထိုးခြင်း၊ Solar ကုမ္ပဏီများဖြစ်ကြသည့် Danayarzar Construction Co.,Ltd. Asia Mega Link Co., Ltd. ACEE Co., Ltd. တို့နှင့် နားလည်မှုစာချွန်လွှာ ရေးထိုးကြသည်။

 

ပို့ကုန်လုပ်ငန်း ဆောင်ရွက်နေသည့် ကုမ္ပဏီကြီးများ၏ ဆန်စက်များတွင် Solar Energy ကို တိုးမြှင့် သုံးစွဲနိုင်ရန် ရည်ရွယ်ပြီး အသင်းချုပ်သည် Solar Energy ဆိုင်ရာ ကုမ္ပဏီ ၁၇ ခုနှင့် MoU လက်မှတ် ရေးထိုးကြသည်။

 

Solar Energy တပ်ဆင်မည့် ဆန်စက် ၂၈ လုံး (တပ်ဆင်အင်အား (၄၁.၉) မဂ္ဂါ၀ပ်) ကို ၂၀၂၅ ခုနှစ် မတ်လမှစတင်၍ ကနဦးစူးစမ်းလေ့လာရေး၊ တည်ဆောက် တပ်ဆင်ရေးတို့ကို ဆောင်ရွက်လျက် ရှိသည်။ ဆက်လက်ပြီး ဆန်စပါးစိုက်ပျိုးသည့် တောင်သူလယ်သမားများအတွက် စိုက်ပျိုးရေရရှိရေး Solar ဖြင့် ဆောင်ရွက်နိုင်မည့် အလားအလာများကိုပါ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုဖြင့် ဆောင်ရွက်နိုင်ရန် စီမံကိန်းရေးဆွဲ ပြင်ဆင်လျက်ရှိကြောင်း သိရသည်။

မျိုးမင်းသူရ