ပင်လောင်းမြို့နယ်၊ လွယ်မောင်းကျေးရွာ အနောက်တောင်ဘက် ၁ မိုင်ခွဲခန့်အကွာ၌ ဒီဇင်ဘာ ၁၃ ရက်က အမှတ်(၂၆) မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု ပင်လောင်းမှ ရဲမှူး ဝင်းကျော်ရီ ဦးစီး ပူးပေါင်းအဖွဲ့သည် အမြင့်(၂)ပေခွဲခန့်ရှိ ဘိန်းစိုက်ခင်း (၁၉ဒသမ၅) ဧကခန့်အား ဖျက်ဆီး ရှင်းလင်းခဲ့ကြောင်း သိရှိရသည်။  

 

အလားတူ ဟိုပုံးမြို့နယ်၊ ကျောက္ကချားကျေးရွာ၌ ဘိန်းစိုက်ခင်း(၂၇) ဧကခန့်၊ ဆီဆိုင်မြို့နယ်၊ ပချားကလို့ကျေးရွာ၌  ဘိန်းစိုက်ခင်း(၂၀)ဧကခန့်၊ ပင်လုံမြို့နယ်၊ တန့်အယ်ကျေးရွာ၌ ဘိန်းစိုက် ခင်း(၅)ဧကခန့်၊ လဲချားမြို့နယ်၊ ဟိုနားကျေးရွာ၌ ဘိန်းစိုက်ခင်း(၁)ဧကခန့်၊ မိုင်းရှူးမြို့နယ်၊ နားလောင်းကျေးရွာ ပါ(၂)ရွာ၌ ဘိန်းစိုက်ခင်း(၆ဒသမ၅)ဧကခန့်တို့အား ရဲတပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်း အဖွဲ့က ဖျက်ဆီးရှင်းလင်းခဲ့ကြောင်း သိရသည်။

 

(ရဲပြန်ကြား)