ဖျာပုံခရိုင်၊ ဒေးဒရဲမြို့၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ဒေးဒရဲမူလတန်းကြိုကျောင်း၏ (၂၀၁၈-၂၀၁၉) ကျောင်းတွင်း ကာယစွမ်းရည် ပြိုင်ပွဲနှင့် ဆုပေးပွဲ အခမ်းအနားကို ယမန်နေ့ နံနက် (၁၀)နာရီက စတင်ကျင်းပခဲ့သည်။

 

 

ကာယစွမ်းရည်ပြိုင်ပွဲတွင် အပြေးပြိုင်ပွဲ၊ အာလူးကောက်၊ ခေါင်းအုန်းရွက်၊ ဦးထုပ်ဆောင်းစသည့် ကိုယ်လက်လှုပ်ရှား ကစားနည်းများအား ကျောင်းသား၊ ကျောင်းသူ (၃၅)ဦး ဝင်ရောက်ယှဉ်ပြိုင်ကစားခဲ့ဲကြပြီး ဆုရကလေးငယ်များအား ဖျာပုံခရိုင်၊ လူမှုဝန်ထမ်းဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးကျော်က  ဆုများ အသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြောင်း သိရသည်။

 

 

အဆိုပါ ဒေးဒရဲ မူလတန်းကြိုကျောင်းတွင် ကလေးငယ်(၈၅)ဦး တက်ရောက်လျက်ရှိပြီး ကလေးငယ်များ၏ စွမ်းရည်များ မြင့်မားလာစေရန်နှင့် အစုအဖွဲ့ဖြင့် ပူးပေါင်းဆောင်ရွက်တတ်စေရန် ရည်ရွယ်၍ အခါအားလျော်စွာ ကာယ/ဉာဏစွမ်းရည်ပြိုင်ပွဲများကို ကျင်းပပြုလုပ်ပေးလျက်ရှိကြောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်မြတ်စန္ဒာလွင်၏ ပြောကြားချက်အရ သိရသည်။

 

 

မြို့နယ်(ပြန်/ဆက်)