မန္တလေးတိုင်းဒေသကြီး စားသုံးသူရေးရာ ဦးစီးဌာန၊ မန္တလေးခရိုင်စားသုံးသူ အငြင်းပွားမှုဖြေရှင်းရေးအဖွဲ့၊ မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံး၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှအဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၁၉ ရက် နံနက်က ချမ်းမြသာစည်မြို့နယ် ၆၂ လမ်းရှိ စတိုးဆိုင်၊ စူပါမားကက်များသို့ သွားရောက်၍ ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရေးနှင့် ဈေးကွက်စောင့်ကြည့်ရေး ကွင်းဆင်းစစ်ဆေးသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဈေးကွက်အတွင်း ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေး အသိပညာပေးခြင်း၊ စားသုံးသူအကာအကွယ်ပေးရေး ဥပဒေပါအချက်များ၊ စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရန် ရောင်းချသူများမှ စားသုံးရန်မသင့်သော စားသောက်ကုန်များရောင်းချမှုမရှိ စေရေးခွင့်မပြု ဆိုးဆေးပါ ကုန်ပစ္စည်းများ မရောင်းချစေရေး၊ ဓာတုအနံများ ရောနှောထည့်သွင်းထားသော စံမညီ စားသုံးဆီများ ဈေးကွက်အတွင်း ရောင်းချမှုမရှိစေရေးနှင့် သက်တမ်းလွန်ကုန်ပစ္စည်းများ၊ FDAမှ တားမြစ်ပိတ်ပင်ထားသော စားသုံးရန်မသင့်/သုံးစွဲရန်မသင့် ကုန်ပစ္စည်းများရောင်းချမှု ရှိ/မရှိ ကွင်းဆင်း စစ်ဆေးဆောင်ရွက်ကြကြောင်း သိရသည်။
မောင်ပြည်သူ(မန္တလေး)