ဂျပန်နိုင်ငံတွင် ပြီးခဲ့သည့်နှစ်အတွင်း ကလေးသူငယ်အလွဲသုံးစားမှုနှင့် နှိပ်စက်ခံရသည့်  ကလေးငယ် အရေအတွက်မှာ စံချိန်တင်ခဲ့ကြောင်း သိရသည်။


ဖမ်းဆီးမှုများ သို့မဟုတ် မေးမြန်းမှုများအပါအဝင် ပြီးခဲ့သောနှစ်အတွင်း ဂျပန်နိုင်ငံတစ်ခုလုံးတွင် ကလေးသူ ငယ်အလွဲသုံးစာမှုပေါင်း ၁၃၈၀မှုရှိခဲ့ကြောင်း ဂျပန်ရဲတပ်ဖွဲ့က ပြောကြားသည်။ အသက်၁၈နှစ်အောက် အလွဲသုံးစားလုပ်မှုခံရသူပေါင်းမှာ စုစုပေါင်း ၁၃၉၄မှု ရှိခဲ့သည်။

 

mdn

 

အဆိုပါ ကိန်းဂဏန်းများမှာ ၂၀ဝ၃ ခုနှစ်တွင် ရဲတပ်ဖွဲ့က စာရင်းအင်းများ စတင်ပြုစုပြီးချိန်နောက်ပိုင်း အမြင့်ဆုံး ဖြစ်သည်။ 

 

ကလေးသူငယ် ထူထောင်ရေးစင်တာများမှ အလွဲသုံးစားခံထားရသည့် ကလေးငယ် ၈၀၂၅၂ ဦးကို ရဲတပ်ဖွဲ့က ရည်ညွှန်းပြောဆိုခြင်းဖြစ်သည်။

ကလေးသူငယ် အကြမ်းဖက်မှုသည် ဂျပန်နိုင်ငံတွင် ခေါင်းကြီးသတင်းများ ဖြစ်ခဲ့သည်။

 

ပြီးခဲ့သည့် မတ်လအတွင်း တိုကျိုမြို့တော်တွင်  ၅နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို ၄င်း၏မိဘများက အစာ ငတ်ထားမှုကြောင့် သေဆုံးခဲ့သည်။ ဇန်နဝါရီလအတွင်းတွင်လည်း အသက်၁၀နှစ်အရွယ် မိန်းကလေးငယ်တစ် ဦးကို တိုကျိုအနီး ချီဘာစီရင်စုရှိ ၄င်း၏ နေအိမ်အပြင်ဘက်တွင် သေဆုံးလျက်တွေ့ရှိခဲ့ပြီး အဆိုပါသေဆုံးမှုသံ သယဖြင့် ၄င်း၏ မိဘများကို ဖမ်းဆီးခဲ့သည်။

 

ဂျပန်နိုင်ငံအစိုးရသည် ကလေးသူငယ်အလွဲသုံးစားမှုမှ ကာကွယ်ရန်အတွက် တရားဥပဒေဆိုင်ရာ ပြန်လည်ပြင် ဆင်မှုများ ပြုလုပ်ရန် ဒိုင်းယက်လွှတ်တော်သို့ ဥပဒေကြမ်းတစ်ရပ်တင်သွင်းရန် စီစဉ်လျက်ရှိသည်။

 

mdn

 

ဂျပန်နိုင်ငံတစ်ဝန်းရှိ ရဲတပ်ဖွဲ့များက ကလေးသူငယ်များကို ကာကွယ်စောင့်ရှောက်စေနိုင်ရန် စာသင်ကျောင်းများ၊ ကလေးသူငယ် ပြန်လည်ထူထောင်ရေးစင်တာများနှင့် ပိုမို နီးကပ်စွာ လက်တွဲဆောင်ရွက်လျက်ရှိသည်။

 

ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်