ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက ဦးဆောင်ပြီး နွေစပါးစိုက်ပျိုးရေးကို ဆန်ခါပိုက်ဖြင့် ပျိုးထောင်စိုက်ပျိုးနည်းစနစ် ပညာပေးဆောင်ရွက်ခြင်းကို ဒီဇင်ဘာ ၂၁ ရက် နံနက် ၈ နာရီက ဘက်စုံအဆင့်မြင့်နည်းပညာသုံး စံပြကျေးရွာရှိ တောင်သူ ဦးအိုက်ခမ်းအင်၏ နွေစပါး သုံးဧကစံပြကွက်၌ ဆောင်ရွက်ကြောင်း သိရသည်။
စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်မိုးက စတင်ထွန်ယက်စိုက်ပျိုးချိန်မှစပြီး စားသုံးသူ လက်ဝယ်အရောက် စိုက်ပျိုးထုတ်လုပ်ရာတွင် ဘေးအန္တရာယ်ကင်းရှင်းရေး အသိပညာပေး ဟောပြောခဲ့ပြီး ဆန်ခါပိုက်ဖြင့် နွေစပါးပျိုးထောင်စိုက်ပျိုးနည်းအား လက်တွေ့ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)