ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် မြန်မာနိုင်ငံ အင်ဂျင်နီယာ ကောင်စီဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာချာလီသန်း ဦးဆောင်သော အဖွဲနှင့် ယနေ့မွန်းလွဲ ၁၂ နာရီခွဲတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ၏ အခန်းကဏ္ဍကို ပြည်သူများ သိရှိနိုင်ရန်အတွက် ပြန်ကြားရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်သွားလိုသည့် ကိစ္စရပ်များ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာ ကောင်စီအနေဖြင့် Engineering ဘာသာရပ်များ သင်ကြားပေးသည့် တက္ကသိုလ်များကို အာရှပစိဖိတ်အဆင့်အထိ ရောက်ရှိစေရန် ကြိုပမ်းဆောင်ရွက်နေမှုနှင့် မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ၏ (၅)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား ကျင်းပရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်။

တွေ့ဆုံပွဲသို့ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ 

 

(သတင်းစဉ်)