“ပြည်သူလူထုကို ကိုယ်စားပြုတဲ့ စနစ်သာလျှင် ပြည်သူရဲ့ဆန ́ကို အလေး အနက်ထားမှာ ဖြစ်ပါတယ်။ အဲဒါကို သတိပေးချင်ပါတယ်”ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မတ်လ ၁၈ ရက်နေ့တွင်ကရင်ပြည်နယ် ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် နိုင်ငံရေးနှင့်စပ်လျဉ်း၍ ကရင်ပြည်နယ်အတွင်းမှ ဒေသခံပြည်သူလူထု နားလည်သိရှိနိုင်စေရန်အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့သည်။ နိုင်ငံရေးဟူသည် ပါတီနိုင်ငံရေး သက်သက်သာမဟုတ်၊ နိုင်ငံရေးဟူသည် လူမှုအရေးအရာကိစ္စများအားလုံး ပင်ဖြစ်သည်။ ပြည်သူလူထု၏ အရေးကိစ္စများကို ဆောင်ရွက်သောစနစ်တွင်ဒီမိုကရေစီစနစ်သည် အကောင်းဆုံးဖြစ်၍ ယင်းကိုကျင့်သုံးကြသည်။

မြန်မာနိုင်ငံတွင် ကျင့်သုံးနေသော ဒီမိုကရေစီစနစ်မှာ ပြည်သူလူထုက ရွေးချယ်ထောက်ခံတင်မြှောက်သော အုပ်ချုပ်မှုစနစ်ဖြစ်သည်။ တစ်နည်း ဆိုသော် ပြည်သူလူထုကိုယ်စားပြုသည့် ဒီမိုကရေစီစနစ်ဖြစ်သည်။ ပြည်သူလူထုသည် တိုင်းပြည်အုပ်ချုပ်ရေးတွင် ကိုယ်တိုင်ပါဝင် ဆောင်ရွက်နိုင်စွမ်း မရှိသဖြင့် ပြည်သူလူထုကိုယ်စား ဆောင်ရွက်နိုင်သော ပြည်သူ့ကိုယ်စား လှယ်အား ရွေးချယ်တင်မြှောက်ပြီး ဆောင်ရွက်ပေးသောစနစ်ဖြစ်၍ မည်သည့်အရေးကိစ္စတွင်မဆို ပြည်သူလူထုကိုမျက်နှာမူကာ ဆောင်ရွက်ပေးရသည်။

ပြည်သူလူထုကို ကိုယ်စားပြုသောစနစ်ဖြစ်သောကြောင့် ပြည်သူလူထု၏ဆန ́ကိုသာ အလေးအနက်ထားရမည်ဖြစ်သည်။ တိုင်းပြည်၏ စီမံအုပ်ချုပ်မှုပိုင်းဆိုင်ရာ တို့ကို ဆောင်ရွက်ရသော အစိုးရအဖွဲ့ဝင်များ၊ အရာထမ်း၊ အမှုထမ်းများသည် ပြည်သူလူထုကိုယ်စား ပေးအပ်ထားသောလုပ်ပိုင်ခွင့်များဖြင့် ပြည်သူလူထုအကျိုးကို သယ်ပိုးထမ်းရွက်ရပေသည်။ ရရှိထား သော လုပ်ပိုင်ခွင့်များသည် မိမိအကျိုး၊ မိမိအသိုင်းအဝိုင်းအကျိုးအတွက်မဟုတ်ချေ။ ပြည်သူလူထုအကျိုးအတွက် ဖြစ်ရပေမည်။

နိုင်ငံ့အရေးကိစ္စအမျိုးမျိုးကို ထမ်းဆောင်နေသော တာဝန်နှင့် လုပ်ပိုင်ခွင့်များသည် မိမိတို့ပိုင်ဆိုင်သော အခွင့်အရေးများမဟုတ်ချေ။ ပြည်သူလူထုက လွှဲအပ်ထားသော အခွင့်အရေးများသာဖြစ်သည်။ သို့သော် အချို့ဌာနများတွင် လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြု၍ ပြည်သူလူထုအပေါ် မျက်နှာ မမူဘဲ ကိုယ်ကျိုးအတွက်၊ ကိုယ်နှင့်နီးစပ်ရာအတွက် ဆောင်ရွက်ကြသဖြင့်အရေးယူအပြစ်ပေးခံရခြင်း၊ အရှက်တကွဲအကျိုးနည်းဖြစ်ရခြင်းတို့ကိုမြင်တွေ့ရမည်ဖြစ်သည်။

အမှန်တကယ်တွင် နိုင်ငံ့တာဝန်ထမ်းဆောင်ခြင်းသည် ပြည်သူပြည်သား အများအကျိုးအတွက် ဆောင်ရွက်ခြင်းဖြစ်၍ မွန်မြတ်သော အလုပ်ဖြစ်ပေသည်။ ပြည်သူပြည်သားများပေးဆောင်သည့် အခွန်အခဖြင့်လစာရိက္ခာတို့ကိုခံစားပြီး တာဝန်ထမ်းဆောင်ခြင်းဖြစ်ရာ ပြည်သူပြည်သား တို့အပေါ်တွင် အြွကင်းမဲ့ကြည်ဖြူစွာဖြင့် စေတနာသန့်သန့်ထားကာ အကောင်းဆုံးဆောင်ရွက်ပေးကြရမည်ဖြစ်သည်။ ထားရှိသောစေတနာ မှန်ကန်ပါက ကုသိုလ်လည်းရ၊ ဝမ်းလည်းဝသောအလုပ် ဖြစ်သည်။ထို့ကြောင့် နိုင်ငံ့အရေးကိစ္စများကို ဆောင်ရွက်ခြင်းသည် ပြည်သူပြည်သားများ၏ အရေးကိစ္စများပင်ဖြစ်၍ ပြည်သူပြည်သားများဖြစ်သည့်အစိုးရ၊ ဝန်ထမ်း၊ ပြည်သူလူထုအားလုံးတို့က အများအကျိုးအတွက် ရှေးရှုဆောင်ရွက်ရမည်ဟူသောအချက်ကို သိရှိနားလည်ကြပြီး မိမိ၏အကျိုးကိုဦးစားမပေးဘဲ အများအကျိုးအတွက် ဝိုင်းဝန်းလက်တွဲဆောင်ရွက်ကြရ မည်ဖြစ်သည်။ အစိုးရလည်း အစိုးရတာဝန်၊ ဝန်ထမ်းလည်း ဝန်ထမ်းတာဝန်၊ ပြည်သူလည်း ပြည်သူ့တာဝန်ကျေပွန်ခြင်းဖြင့် တိုးတက်သော နိုင်ငံဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်ပေသည်။

သို့ဖြစ်ရာ နိုင်ငံရေးဟူသည် ပါတီကိစ္စသက်သက်၊ အစိုးရကိစ္စသက်သက်ဟု မမှတ်ယူဘဲ နိုင်ငံရေးဟူသည် နိုင်ငံအတွက် ကောင်းကျိုးအဖြာဖြာ ကိုဖြစ်စေသော ပြည်သူလူထုတို့၏ အရေးအရာကိစ္စမှန်သမျှတို့ဖြစ်ပေရာ ပြည်သူလူထုကို ကိုယ်စားပြုသော၊ ပြည်သူလူထု၏ဆန ́ကို အလေးအနက်ထားသော ကောင်းမွန်သည့် ဒီမိုကရေစီစနစ် ခိုင်မာအားကောင်းလာအောင်ကြိုးပမ်းတည်ဆောက်ရမည်ဖြစ်ပါကြောင်း။ ကြေးမုံ