လန်ဒန်   မတ်   ၄

၂၀၂၅    ခုနှစ်တွင် ကမ္ဘာလုံးဆိုင်ရာကာကွယ်ရေး အသုံးစရိတ်သည် အမေရိကန်ဒေါ်လာ ၂   ဒသမ    ၆၃ ထရီလီယံသို့ စံချိန်တင်မြင့်တက်ခဲ့ပြီး ယမန်နှစ်ကထက် ၂ ဒသမ ၅ ရာခိုင်နှုန်း မြင့်တက် ခဲ့ကြောင်း  ဗြိတိန်တွေးခေါ်ပညာရှင်တစ်ဦးက ပြောကြားသည်။

နိုင်ငံတကာ မဟာဗျူဟာလေ့လာရေး အင်စတီကျုက ၎င်း၏ နှစ်ပတ်လည် “ကာကွယ်ရေးဟန်ချက် ညီမှု” အစီရင်ခံစာကို ထုတ်ပြန်ခဲ့သည်။ အဆိုပါ အစီရင်ခံစာတွင် ကမ္ဘာ့နိုင်ငံများ၏  ကာကွယ်ရေးအင်အားနှင့်  ဒေသတွင်းအခြေအနေများကို  ခွဲခြမ်းစိတ်ဖြာဖော်ပြထားသည်။

ဥရောပကာကွယ်ရေးအသုံးစရိတ်သည် ယခင်နှစ်ကထက်  ၁၂   ဒသမ   ၆ ရာခိုင်နှုန်းတိုးလာပြီး  အမေရိကန်ဒေါ်လာ ၅၆၃  ဘီလီယံအထိ   တိုးလာကာ ကမ္ဘာ့ပျမ်းမျှထက်  အဆပေါင်းများစွာ  ပိုမိုမြင့်တက်လာကြောင်း အစီရင်ခံစာတွင် ရေးသားထားသည်။  ၂၀၂၂   ခုနှစ်တွင် ကမ္ဘာလုံးဆိုင်ရာ  ကာကွယ်ရေးအသုံးစရိတ်စုစုပေါင်း၏ ၁၇ ရာခိုင်နှုန်းဖြစ်ပြီး ၂၀၂၅ ခုနှစ်တွင် ၂၁ ဒသမ  ၄  ရာခိုင်နှုန်း အထိရှိလာသည်။

ဥရောပ၏ ဒေသတွင်းလုံခြုံရေးအတွက် မြင့်တက်လာခြင်းဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

အလားတူ  အမေရိကန်နိုင်ငံ၏ ကာကွယ်ရေးအသုံးစရိတ်သည် အမေရိကန်ဒေါ်လာ ၉၂၁   ဘီလီယံဖြင့် အများဆုံးရပ်တည်လျက်ရှိပြီး တရုတ်နိုင်ငံက ၂၅၁ ဒသမ ၃ ဘီလီယံနှင့် ရုရှားနိုင်ငံက   ၁၈၆  ဒသမ  ၂  ဘီလီယံဖြင့် ရပ်တည်ခဲ့သည်။

ဂျပန်နိုင်ငံက အမေရိကန်ဒေါ်လာ ၅၈ ဒသမ   ၉  ဘီလီယံဖြင့် အဆင့်(၉) နေရာတွင်   ရပ်တည်နေကြောင်း   သိရသည်။

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - အောင်ကျော်ကျော်