ရှမ်းပြည်နယ်(တောင်ပိုင်း)လင်းခေးခရိုင် မိုးနဲမြို့နယ် တိုင်းရင်းဆေးကုဌာနအစီအစဉ်ဖြင့် မြန်မာတိုင်းရင်းဆေးပညာဖြင့် ဒေသခံ ပြည်သူများအား အခမဲ့ကွင်းဆင်း ကုသပေးခြင်းကို ယနေ့နံနက် ၁၀ နာရီက လွိုင်မြေရပ်ကွက် အုဋ္ဌ်ကျောင်း ဘုန်းတော်ကြီးကျောင်းတွင် ဆောက်ရွက်ခဲ့ကြောင်း သိရသည်။

ယင်းသို့ဆောင်ရွက်ရာတွင် သံဃာတော် နှစ်ပါး၊ အမျိုးသား ဆယ်ဦးနှင့်အမျိုးသမီး ၄၉ ဦး စုစုပေါင်း ၆၁ ဦးအား ခြေကပ်၊ ဒူးနာ၊ ချောင်းဆိုး ၊အအေးမိနှာစေး၊လေထိုး လေအောင့်၊ ခါးနာ၊ ကျီးပေါင်း၊ သွေးတိုး၊ ဆီးချို၊ သွေးချိုရောဂါများကို  မြန်မာတိုင်းရင်းဆေးဖြင့် အခမဲ့ကွင်းဆင်း ကုသပေးခဲ့ကြောင်း လက်ထောက် တိုင်းရင်းဆေးမှူး ဦးမျိုးသူလွင်၏ ပြောကြားချက်အရ သိရသည်။

 

မျိုးညွန့်ရွှေ(မိုးနဲ)